spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်း (၂) လနီးပါးကာလအတွင်း ပေါင်မြို့နယ်ဒေသခံ  ၂၀ ဦး ဝန်းကျင် ဥပဒေပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့် ဖမ်းဆီးခံရ

     (၂) လနီးပါးကာလအတွင်း ပေါင်မြို့နယ်ဒေသခံ  ၂၀ ဦး ဝန်းကျင် ဥပဒေပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့် ဖမ်းဆီးခံရ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊

    အောက်တိုဘာ ၂၅ ၊၂၀၂၃။

    မွန်ပြည်နယ် ၊ပေါင်မြို့နယ်တွင် စက်တင်ဘာ လ ၄ရက်နေ့မှ အောက်တိုဘာ ၂၅ရက်နေ့ အထိ နှစ်လနီးပါးကာလအတွင်း ဒေသခံ ၂၀ ဦး ဝန်းကျင်ကို  နိုင်ငံရေးလှုံ့ဆော်စာ ဖြန့်ဝေသည့် စွပ်စွဲချက်နှင့် အခြားနိုင်ငံရေးအမှုဖြင့် စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ဥပဒေပုဒ်မအမျိုးမျိုးဖြင့် အမှုဖွင့်ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ 

    ဖမ်းဆီးခံရသူများတွင် ပေါင်မြို့နယ် ဥတ္တံတားကျေးရွာနေ စောရာစာမင်း၊ ကိုအောင်မင်းထွေး၊ ကိုချစ်သူပိုင် ၊ကျွဲခြံကျေးရွာနေ မအေးနီနီတို့အား ရာဇသတ်ကြီး ဥပဒေပုဒ်မ  ၅၀၅ (က) ဖြင့် ဖမ်းဆီး အမှုဖွင့်ခဲ့ပြီး ဒေါ်ချိုဝင်း ၊ဒေါ်ခင်သီတာကျော်၊ ကိုဖိုးချို  ၊ဒေါ်ခင်သန်းနု၊ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကိုလည်း အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် အမှုဖွင့် ခံထားရသည်။

    ထိုအပြင် ပေါင်မြို့၊ ကဒုံစီးရပ်ကွက်နေ ဦးဝင်းနိုင်နှင့် ပေါင်မြို့နယ် ကုလာချောင်းကျေးရွာနေ ကိုကောင်းမြတ်တို့လည်း လူမူကွန်ရက်ပေါ် တော်လှန်ရေးသတင်းများ မျှဝေခဲ့ကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခြင်း ခံထားရသည်။ 

    အမျိုးသားနှစ်ဦး ဆိုင်ကယ် စီးနင်းခြင်း မပြု အမိန့်ထုတ်ပြန်ပြီးနောက်ပိုင်းတွင်  ၎င်းထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိသည့်  ဒေသခံ ၆ ဦးကိုလည်း ယမန်နေ့ အောက်တိုဘာ ၂၄ ရက်နေ့ကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခြင်း ခံထားသည်။ 

    အဆိုပါ ဖမ်းဆီးခံရသူများသည် ရာဇသတ်ကြီး ပုဒ်မ ၁၈၈ဖြင့် အရေးယူခံထားရပြီး ၎င်းတို့ ဖုန်းကို စစ်ဆေးမှ  လူမူကွန်ရက် စာမျက်နှာပေါ်တွင် နိုင်ငံတော် အကြီးအကဲများအား အကြည်ညိုပျက်စေမည့် စာသားများ ရေးသားဖြန့်ဝေးခဲ့ခြင်းကြောင့် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ကို ထပ်မံ တရားစွဲခံရပြီး ပေါင်မြို့မ ရဲစခန်းအတွင်း ထိန်းသိမ်းခံထားရသည်။

    “ဆိုင်ကယ်နဲ့ ယောင်္ကျားနှစ်ယောက်မစီးရလို့ အမိန့်ထုတ်ပြီးနောက်ပိုင်မှာ ပေါင်မြို့နယ်အတွင်း ဖမ်းဆီးအရေးယူများ ရှိနေစဉ် မနေ့ကတော့ လူ၆ယောက် ပုဒ်မ ၁၈၈နဲ့ တရားစွဲတယ် ပေါင်မြို့ ၊ကျွဲခြံကျေးရွာအမျိုးသမီးတစ်ဦးလည်းပါတယ်  အဲဒီ ဖမ်းဆီးခံရတဲ့လူတွေမှာ ဖုန်းတွေကို စစ်တာဖြစ်တယ်ဖုန်းတွေစစ်လို့ နိုင်ငံရေးနှင့် ပတ်သက်တာကို Like ၊ Comment ၊ share ထားရှိလျှင် ပုဒ်မ ၅၀၅နဲ့ တရားစွဲ တယ် ဖမ်းဆီးရေးမှာ အခုနဲ့ဆို အယောက် ၂၀ ဦး ဝန်းကျင် ရှိပြီး ”ဟု ပေါင်ဒေသခံတစ်ဦးက ပြောသည်။

    ဖမ်းဆီးခံရမှုနှင့် ပက်သက်ပြီး ပေါင်မြို့နယ်မှာ မုတ္တမရဲစခန်း၊ဇင်ကျိုက်ရဲစခန်းနှင့် ပေါင်မြို့မ ရဲစခန်းတို့တွင်  နယ်မြေအလိုက် နေ့စဉ်ဖမ်းဆီးမှုပြုလုပ်နေသည်ဟု ဒေသခံများထံမှ  သိရသည်။  

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အတွင်း စစ်တပ်အာဏာသိမ်းသည့်အချိန်မှ စပြီး အောက်တိုဘာ ၂၄ ရက်နေ့အထိ အရပ်သား ၈၀၀ နီးပါး ဖမ်းဆီးခံထားရသည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks