Home သတင်း ယခုနှစ်ပွင့်လင်းရာသီတွင် ခရီးသွားဝင်ရောက်မှု များလာနိုင်

ယခုနှစ်ပွင့်လင်းရာသီတွင် ခရီးသွားဝင်ရောက်မှု များလာနိုင်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ

အောက်တိုဘာ ၂၅၊ ၂၀၂၃။

မွန်ပြည်နယ်အတွင်း ယခုနှစ်ပွင့်လင်းရာသီတွင် ခရီးသွားဝင်ရောက်မှု များလာနိုင်သည်ဟု ဟိုတယ်လုပ်ငန်းရှင်နှင့် ဧည့်လမ်းညွှန်တို့က ခန့်မှန်းထားကြသည်။

ပွင့်လင်းရာသီအစ သီတင်းကျွတ်ကာလတွင် ပြည်နယ်အတွင်းက အထင်ကရနေရာများ၊ အထင်ကရဘုရားများတွင် ခရီးသွားဝင်ရောက်မှုများလာကြောင်း ယခင်နှစ်များနှင့်နှိုင်းယှဥ◌်လျှင် ခရီးသွားဝင်ရောက်မှု သိသိသာသာ များလာနေသည်ဟု မော်လမြိုင်မှ ဧည့်လမ်းညွှန်တစ်ဦးက ပြောသည်။

“ရာခိုင်နှုန်းနဲ့ ပြောဖို့က နည်းနည်းစောနေသေးတယ်။ ဒါပေမဲ့ ယခုမြင်တွေ့နေရတဲ့ မွန်ပြည်နယ်ဘက်မှာဆိုရင် အရင်နှစ်ထက်တော့ ပိုများတယ်။ ဒါက သီတင်းကျွတ်အစပဲရှိသေးတယ်။ ကမ်းနားလမ်းတို့ ကျိုက္ခမီတို့နေရာတွေမှာဆိုရင် ခရီးသွားတွေကို တွေ့နေရပြီး” ဟု ၎င်းက ဆိုသည်။

ခရီးသွားဝင်ရောက်မှု များလာသည့်အတွက် ပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းများလည်း လုပ်ငန်းပြန်လည် လည်ပတ်လာနိုင်သည်ဟု ပြည်နယ်အတွင်းရှိ ဟိုတယ်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

“အခု မွန်ပြည်နယ်မှာရှိတဲ့ ဟိုတယ်တော်တော်များက ဝင်ရောက်တည်းခိုသူတွေက ပြည့်နေပြီး။ အချို့ဟိုတယ်တွေဆိုရင် ကန့်သတ်ထားတာထက်တောင် ပိုနေတယ်ပေါ့။ အရင်နှစ်နဲ့တော့တော်တော်ကွာသွားတယ်” ဟု မော်လမြိုင်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားချိန်ကစပြီး ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့ရာမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ခရီးသွားဝင်ရောက်မှု လျော့နည်းလာခဲ့ရာမှ ယခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ပြန်များလာသည်ဟုလည်း ဆိုသည်။

မွန်ပြည်နယ်တွင် ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်း ၇၀ ထက်မနည်း ရှိနေသည်ဟု ဟိုတယ်လုပ်ငန်းရှင်တို့ထံမှ သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.