spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းရေးတွင် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

    ရေးတွင် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

    -

    အောက်တိုဘာ ၂၃၊ ၂၀၂၃

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ်၊ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေးတံတားကြီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ထက်မနည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

    အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် ၂ နာရီခွဲကျော် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

    နှစ်ဖက်တိုက်ပွဲအတွင်း ကျုံလောင်ရွာသစ်မှ အမျိုးသား တစ်ဦး သေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာခံတို့ထံမှ သိရသည်။

    ၎င်းပြင် တိုက်ပွဲကြောင့် ကျုံလောင်းရွာသစ်မှ ပြည်သူများ ၅၀၀ ထက်မနည်းလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ကျုံလောင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

    “အခုက ရွာကလူတွေ ထွက်ပြေးကုန်ပြီ။ ကျမရဲ့ကလေးတွေလည်း မြို့ပေါ်ပေးပြောင်းလိုက်ကုန်ပြီ။

    ကျမတို့အိမ်ဆို ကျမပဲကျန်ခဲ့တာ ကိုယ်က အလုပ်ရှိနေတော့လေ။ တစ်ချို့ကတော့ မြို့ပေါ်ပြောင်းကြတယ်။ တစ်ချို့က ခြံထဲဝင်ကြတယ်။ တစ်ချို့က ဝယ်ဇင်ဘက် သွားကြတယ်ပေါ့” ဟု ၎င်းရွာခံက ပြောသည်။

    လက်ရှိတွင် ကျုံလောင်းရွာသစ်ဘက် အခြေအနေငြိမ်သက်နေသော်လည်း တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြဆဲဖြစ်သည်။

    အခြားဒေသခံတစ်ဦးကလည်း “အဲဒီတိုက်ပွဲဖြစ်ပြီးကတည်းက ကိုယ်မှမဟုတ်ဘူး အကုန်လုံးကြောက်လန့်နေကြတာ။ ထပ်ဖြစ်လာမှာစိုးလို့ ထွက်ပြေးကုန်ကြတာ။ ကိုယ်လည်း ထွက်ပြေးချင်ပေမယ့် ကိုယ့်အလုပ်က ဒီမှာဆိုတော့ ဆက်နေနေရတယ်။ တစ်ခုခုဖြစ်ရင် ခြံထဲပြေးပေါ့။ မလုပ်လို့လည်းမရဘူးဆိုတော့လေ မတတ်နိုင်ဘူးပေါ့” ဟု ဆိုသည်။

    ရေးတံတားကြီးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ရေးမြို့နယ်၊ စံပြကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

    အလာတူ ဇွန်လအတွင်းကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာအတွင်း စစ်ကောင်စီဘက်မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ထောင်နှင့်ချီသည့် နှစ်ကရင်ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရသည်။

    စစ်အုပ်ချုပ်ရေးကြေညာထားသည့်ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့်

    ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks