Sunday, March 15, 2026
More
    spot_img
    Homeသတင်းထားဝယ် နိုင်ငံရေးအကျဥ်းသူတစ်ဦး ထောင်ဒဏ် ၄၄ နှစ်ထိ ချမှတ်ခံရ

    ထားဝယ် နိုင်ငံရေးအကျဥ်းသူတစ်ဦး ထောင်ဒဏ် ၄၄ နှစ်ထိ ချမှတ်ခံရ

    -

    အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ ခုဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသည့် နိုင်ငံရေးအကျဥ်းသူ မယဥ်ယဥ်ချိုကို ထားဝယ်ထောင်တွင်း တရားရုံးက ထောင်ဒဏ် ၄၄ နှစ်ထိ ချလိုက်ကြောင်း ထားဝယ် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) ထံမှ သိရသည်။

    မယဥ်ယဥ်ချိုကို စစ်ကောင်စီက ပုဒ်မ ၅၀ (ည) အတွက် ထောင်ဒဏ် ၁၂ နှစ်၊ ပုဒ်မ ၅၁ အတွက် ထောင်ဒဏ် ၄ နှစ်၊ ပုဒ်မ ၅၂ အတွက် ထောင်ဒဏ် ၆ နှစ်၊ ပုဒ်မ ၅၄ အတွက် ထောင်ဒဏ် ၁၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၃၂ နှစ်ကို အောက်တိုဘာလ ဒုတိယအပတ်အတွင်းက အမိန့်ချမှတ်လိုက်သည်ဟု ဆိုသည်။

    မယဥ်ယဥ်ချိုကို ပြီးခဲ့သည့် မေလကတည်းက အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မ ၅၀ (ည) ဖြင့် စစ်ကောင်စီက ထောင် ၁၂ နှစ် ချမှတ်ခဲ့ပြီး ယခုထပ်မံချမှတ်လိုက်သည့်ထောင်ဒဏ်ပါဆို စုစုပေါင်းထောင်ဒဏ် ၄၄ နှစ် ချမှတ်ခံထားရသည်။

    မယဉ်ယဉ်ချိုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ယခုနှစ် ဇန်နဝါရီလက ထားဝယ်မြို့ရှိ နေအိမ်တွင် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

    တနင်္သာရီတိုင်းအတွင်းက အမျိုးသမီး နိုင်ငံရေးအကျဥ်းသားများထဲတွင် မယဉ်ယဉ်ချိုသည် ထောင်ဒဏ် အမြင့်ဆုံး ချမှတ်ခံထားရသူဖြစ်သည်ဟုလည်း DPPN ထံမှ သိရသည်။

    မယဉ်ယဉ်ချို ဖမ်းဆီးခံရစဥ်က မောင်ဖြစ်သူ ကိုသက်ဇော်ဝင်းလည်း ဖမ်းဆီးခံခဲ့ရကြောင်း ကိုသက်ဇော်ဝင်းကိုလည်း စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ ခုဖြင့် အောက်တိုဘာလ ဒုတိယအပတ်အတွင်းက ထောင် ၂၂ နှစ် အမိန့်ချမှတ်ထားသည်။

    နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အောက်တိုဘာလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့အထိ တနင်္သာရီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံရပြီး လက်ရှိ အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ အမျိုးသမီး ၇၀ ဦးနှင့် အမျိုးသား ၂၈၄ ဦး စုစုပေါင်း ၃၅၄ ဦး ရှိသည်။

    အဆိုပါ အကျဉ်းသား ၃၅၄ ဦးအနက် ထောင်ဒဏ် ၃၀ နှစ်နှင့် ၃၀ နှစ်အထက် ချမှတ်ခံထားရသူ ၇ ဦးနှင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ ၂ ဦး ပါဝင်သည်ဟု AAPP ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks