spot_img
Sunday, February 15, 2026
More
    spot_img
    Homeသတင်းလောင်းလုံ ကျောက်နီမော်ရွာရှိ စစ်တပ်စခန်းကို PDF ဝင်တိုက်

    လောင်းလုံ ကျောက်နီမော်ရွာရှိ စစ်တပ်စခန်းကို PDF ဝင်တိုက်

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အောက်ပိုင်းက ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ကျောက်နီမော်ရွာတွင် အင်အား ၂၀ ကျော်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီပူးပေါင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၅ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

    ထိုသို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် လက်နက်ကြီး လက်နက်ငယ်ဖြင့် အပြန်အလှန်ပစ်ခတ်မှု ၃ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    “စခန်းကိုဝိုင်းပြီး တခါတည်းဝင်စီးတာ။ အဝေးက ပစ်တာမျိုး မဟုတ်ဘူး။ တိုက်ပွဲက တော်တော်ကိုကြမ်းတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ် နံနက် ၈ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီ ရေတပ်စစ်သင်္ဘောရောက်ရှိလာပြီး စက်လက်၊ လက်နက်ကြီးများ လာရောက်ပစ်ကူခဲ့သေးကြောင်းလည်း ဆိုသည်။

    တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးဘက်က သေဆုံးသူနှင့် ဒဏ်ရာရရှိသူများရှိသည်ဟု သတင်းထွက်နေသော်လည်း အသေးစိတ်ကိုတော့ သီးခြားအတည်ပြနိုင်ခြင်းမရှိသေးပေ။

    ကျောက်နီမော်ရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ညနေ ၅ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိ စစ်ကောင်စီတပ်များ ရေကြောင်းမှတဆင့် ကျောက်နီမော်ရွာသို့ ရောက်ရှိလာသည်ဟု ‌ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြသည်ဟုလည်း ဒေသခံတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks