Monday, January 20, 2025
spot_img
Homeသတင်းသထုံတွင် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

သထုံတွင် အငြိမ်းစားဗိုလ်ကြီးတစ်ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာတွင် အောက်တိုဘာလ ၃ ရက်နေ့ နေ့လည်ခန့်က အငြိမ်းစားဗိုလ်ကြီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ကြာပန်းကျေးရွာ ကရင်စုရပ်နေ အသက် ၅၄ နှစ်အရွယ် အငြိမ်းစားဗိုလ်ကြီး ဦးဝင်းနောင်ဆိုသူသည် ၎င်းနေအိမ်တွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်အတွင်း ရှိနေစဉ် သေနတ်သမားတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးဝင်းနောင်သည် ပါး၊ နားထင်းတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့သည်ဟု သိရသည်။

“သူက (ဦးဝင်းနောင်) တပ်ကနေ အငြိမ်းစားယူထားတဲ့ ဗိုလ်ကြီးတစ်ဦးလို့ သိရတယ်။ သူ ပစ်သတ်ခံရတာက သူ့အိမ်မှာပဲ” ဟု မြို့ခံတစ်ဦးက ပြောသည်။

အငြိမ်းစားဗိုလ်ကြီး ဦးဝင်းနောင်ကို သထုံမြို့နယ်ကာကွယ်ရေးအင်အားစုတို့က ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဦးဝင်းနောင်သည် စစ်ကောင်စီတပ်အတွက် သတင်းစုဆောင်းပေးပို့ခြင်းနှင့် တပ်သားသစ်စုဆောင်းရရှိနိုင်ရန် လုပ်ဆောင်ခဲ့သူဖြစ်သည့်အတွက် ရှင်းလင်းရခြင်းဖြစ်သည်ဟု သထုံမြို့နယ်ကာကွယ်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ပြောဆိုချက်နှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဦးဝင်းနောင်သည် အမှတ် (၁) စစ်သားစုဆောင်းရေးတပ်မှ ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူထားသူတစ်ဦးဖြစ်သည်ဟု သိရသည်။

သထုံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကောင်စီတပ်နှင့် နီးစပ်သူတွေ၊ စစ်ကောင်စီသတင်းပေးဆိုပြီး စွပ်စွဲခံရသူတွေကို ကာကွယ်ရေးတပ်ဖွဲ့တို့က မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ဆက်စပ်သတင်း

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
32,200SubscribersSubscribe
spot_img

Latest posts