spot_img
Tuesday, April 23, 2024
More
    spot_img
    Homeသတင်းပုလောတွင် မိသားစုဝင်လေးဦးကို စစ်ကောင်စီတပ် ပစ်သတ် 

    ပုလောတွင် မိသားစုဝင်လေးဦးကို စစ်ကောင်စီတပ် ပစ်သတ် 

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ပု‌လောမြို့နယ်၊ ပြင်းဖြူရွာတွင် မိသားစုဝင် လေးဦးကို စစ်ကောင်စီတပ် ပစ်သတ်ခဲ့ပြီး ၎င်းတို့၏ နေအိမ်များကိုလည်း မီရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

    စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သူ လေးဦးသည် အသက် ၆၉ နှစ်အရွယ် ဦးဘကျင်၊ သားဖြစ်သူ အသက် ၄၀ အရွယ် ဦးငွေစိုး၊ သမီးဖြစ်သူ အသက် ၃၇ နှစ်အရွယ် ဒေါ်ကုလားမနှင့် တူမဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်ရီဝင်းတို့ဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

    စက်တင်ဘာလ  ၁၇ ရက်နေ့ နေ့လယ်ခန့်က လက္ကူးကျေးရွာအုပ်စု၊ ပြင်းဖြူရွာရှိ ဦးဘကျင်၏ နေအိမ်၊ သားဖြစ်သူ ဦးငွေစိုး၏ နေအိမ်နှင့် တူမဖြစ်သူ ဒေါ်ရီဝင်း နေအိမ်တို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။  

    “သူတို့အိမ်တွေ မီးရှို့ခံရတာက နေ့လယ်ပိုင်း (၁၇ ရက်နေ့ နေ့လယ်) အလောင်းပုံတွေ ကျနော့်ဆီကို ပို့လာတာကတော့ ၁၀ နာရီခွဲ (၁၇ ရက်နေ့ ည ၁၀ နာရီခွဲ) လောက်ရှိနေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ 

    လက်ရှိတွင် လက္ကူးရွာ၊ မှော်ကြောင်းရွာ၊ ပြင်းဖြူရွာမှ ရွာသားအများစုလည်း အဆက်အသွယ်ပြတ်နေပြီး ပျောက်ဆုံးရွာသားများလည်းရှိနေသည်ဟု ဒေသခံတို့က ပြောသည်။  

    စစ်ရှောင်နေရသည့် လက္ကူးရွာခံ အမျိုးသားတစ်ဦးက “တအားအဖြစ်ဆိုးနေတယ်။ ပျောက်နေတဲ့သူတွေ အများကြီးပဲ။ ဖုန်းလိုင်းတွေလည်း အဆက်အသွယ်မရဘူး။ လိုင်းဖြတ်ခံထားရတာလားပဲ။ ဒဏ်ရာရတဲ့သူတွေလည်းအများကြီးပဲတဲ့” ဟု ပြောသည်။ 

    ရွာထဲပိတ်မိနေသည့် ရွာသားများလည်းရှိနေပြီး နီးစပ်ရာခြံတို့တွင် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ အကူအညီများ လိုအပ်နေသည်ဟု သိရသည်။ 

    စက်တင်ဘာလ ၁၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများ လက္ကူးရွာထဲ ပင်လယ်ကမ်းခြေရွာဖြစ်သည့် ပြင်းဖြူရွာမှတဆင့် ပြန်ဝင်လာပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ကာ ယနေ့အထိ စစ်ရေးတင်းမာနေသည်။ 

    စစ်ကောင်စီတပ်တို့သည် လက္ကူးကျေးရွာအုပ်စုထဲ လက်နက်ကြီး၊ လက်နက်ငယ်အသုံးပြုကာ ကုန်းလမ်းရော ရေလမ်းပါ အသုံးပြုပြီး ထိုးစစ်ဆင်နေသည်ဟု သိရသည်။ 

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts