Homeသတင်းစစ်ကြောင်းထိုးလာလို့ ခလယ်-တံခွန်တိုင်ဒေသခံများ ထပ်မံထွက်ပြေးရ

စစ်ကြောင်းထိုးလာလို့ ခလယ်-တံခွန်တိုင်ဒေသခံများ ထပ်မံထွက်ပြေးရ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုရှိ မြို့ဟောင်းကျေးရွာဘက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ဒေသခံများ ဘေးလွတ်ရာသို့ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တောင်ညိုတောင်တန်းဘက်မှ ကျိုက်မရောမြို့နယ် တောင်ကလေး၊ ကနာလုံရွာဘက်မှတစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စု မြို့ဟောင်းကျေးရွာဘက်သို့ စက်တင်ဘာ ၁၂ ရက်နေ့ ညက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းသည် မြို့ဟောင်းကျေးရွာအတွင်း တပ်စွဲထားသည့်အတွက် မြို့ဟောင်းကျေးရွာနှင့် အနီးနားရှိ ခလယ်၊ ခလယ်ရွာလေး စသည့်ကျေးရွာတို့မှ ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် စက်တင်ဘာလ ၁၃ ရက်နေ့မှစကာ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ခလယ်-တံခွန်တိုင်အုပ်စုရှိ ဒေသခံတစ်ဦးက ဆိုသည်။

“မြို့ဟောင်းရွာကလူတွေကတော့ မနေ့ (စက်တင်ဘာ ၁၃ ရက်) ကတည်းက တိမ်းရှောင်နေကြတယ်။ အနီးနားက ရွာ ၃ ရွာကလည်း တိမ်းရှောင်နေကြတယ်။ ဒီနေ့ (စက်တင်ဘာ ၁၄) မနက်တုန်းကတော့ ပစ်ခတ်သံတွေ ကြားရတယ်။ လေယာဥ်တွေလည်း ဝဲနေတာရှိတယ်။ သူတို့ (စစ်တပ်) ရှိနေတော့။ တရွာနဲ့တရွာလဲ သွားလာလို့မရတော့ဘူး။ မသွားရဲကြတော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာစဥ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်လည်းရှိခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်ထိန့်လန့်နေကြသည်ဟုလည်း ပြောသည်။

၎င်းပြင် ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုတွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်းဖြတ်တောက်ခံထားရသည်မှာ နှစ်လကျော်ရှိနေပြီးဖြစ်သည့်အတွက် အခြေအနေသိရှိရန် တရွာနှင့်တရွာ ဆက်သွယ်မရဖြစ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“(စစ်ကြောင်း) မြို့ဟောင်းရွာကို ဝင်နေတာက ၂ ရက်လောက်ရှိနေပြီး။ တပ်စွဲထားတာ။ ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတော့ တိမ်းရှောင်ဖို့က အခု တရွာနဲ့ တရွာ ဆက်သွယ်လို့လဲမရ။ သွားလာလို့လဲမရဖြစ်နေတယ်” ဟု နောင်ဒေ့ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံအများစုကတော့ မုဒုံမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြပြီး အချို့ နီးစပ်သည့်‌ကျေးရွာတို့တွင် တိမ်း‌ရှောင်နေကြသည်လည်းရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်‌ကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာခရိုင် တပ်မဟာ (၆) နယ်မြေထဲရှိ ခလယ်-တံခွန်တိုင်ကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေသည်။

တိုက်ပွဲကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်မှ အရပ်သားများအား ဖမ်းဆီးတာ၊ သတ်ဖြတ်ခံရတာတွေလည်း ရှိနေကြောင်း၊ တိုက်ပွဲကြောင့် ထောင်နှင့်ချီသည့်ဒေသခံများ မကြာခဏ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ခလယ်တံခွန်တိုင်‌ဘက်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့် ‌ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

May be an image of 4 people and people camping

See Insights and Ads

Boost post

Like

Comment

Share

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts