Homeသတင်းကင်မွန်းချောင်းရဲစခန်းတိုက်ခိုက်ခံရ၊ ရဲစခန်းဘက်မှ ပြန်ပစ်သည့်လက်နက်ကြီးထိပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

ကင်မွန်းချောင်းရဲစခန်းတိုက်ခိုက်ခံရ၊ ရဲစခန်းဘက်မှ ပြန်ပစ်သည့်လက်နက်ကြီးထိပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကင်မွန်းချောင်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်ခန့်က ဒရုန်းဖြင့် နှစ်ကြိမ် သွားရောက်တိုက်ခိုက်ခဲ့သည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ရဲစခန်းဘက်က လက်နက်ကြီး နှစ်လုံးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရဲစခန်းဘက်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးသည် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရဲစခန်းဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ရောင်ခြည်ဦးရပ်ကွက်ရှိ အောင်မုန့်တီဖိုနား ကျကွဲခဲ့ရာ ပဲပြုတ်ရောင်းနေသည့် အသက် ၄၀ နှစ်အရွယ် အဒေါ်သီတာဆိုသည့်အမျိုးသမီးတစ်ဦး ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရဲစခန်းဘက်ကနေ ရမ်းပြီး ပစ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးက လူနေရပ်ကွက်ထဲကျကွဲတော့ အမျိုးသမီးတစ်ဦး ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကင်မွန်းချောင်းရစခန်း ပစ်ခတ်မှုဖြစ်စဥ်အတွင် စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ ကို အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်‌ခြေရှိ ကင်မွန်းချောင်းနယ်‌မြေရဲစခန်းကို ပြီးခဲ့သည့် ဧပြီ၊ ဇွန်လတုန်းကလည်း KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သေးသည်။

ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ဒေသတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts