Homeသတင်းနှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ မော်လမြိုင် အထက (၉) ကျောင်းဆောင် မီးလောင်

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ မော်လမြိုင် အထက (၉) ကျောင်းဆောင် မီးလောင်

-

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ နှစ်ပေါင်းတစ်ရာကျော်သက်တမ်းရှိသည့် အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းဆောင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြို့ခံတို့ထံမှ သိရသည်။

အထက (၉) စာသင်ကျောင်းဆောင်သည် သြဂုတ်လ ၃ ရက်နေ့ ည ၁၂ ကျော်အချိန်ခန့်က မီးစတင်လောက်ကျွမ်းခဲ့ပြီး သြဂုတ်လ ၄ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ညသန်းခေါင်ယံမတိုင်ခင်မှာ ကျောင်းဝင်းထဲက မီးတောက်ကြီးထွက်လာတာတွေ့ရတယ်။ ဆရာမကြီးရုံးခန်းရှိတဲ့ နှစ်ထပ်ကျောင်းဆောင်က စလောင်တာမျိုးတွေ့ရတယ်” ဟု အဆိုပါ စာသင်ကျောင်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

မီးသည် နှစ်ထပ်ကျောင်းဆောင်မှ သုံးထပ်ကျောင်းဆောင်သို့ ကူးစက်လောင်ကျွမ်းသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

“ကျောင်းဆောင်တွေက သစ်သားကျောင်းဆောင်တွေဖြစ်သလို ကျောင်းမဖွင့်ခင်ကဘဲ ရေနံသုတ်ထားတော့ မီးလောင်အားပိုကောင်းသွားတယ်။ အဲ့ဒီအပြင်ကို ခါတိုင်းညတွေက မော်လမြိုင်မှာမိုးရွာနေကြ။ ညက ၁၀ နာရီလောက်မှာ မိုးတချက်ရွာပြီး ပြန်တိတ်သွားတယ်” ဟု ပန်းဘဲတန်း ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ကျောင်းဆောင် မီးလောင်မှုကြောင့် ကျောင်းအုပ်ဆရာမကြီးနှင့် ၎င်းမိသားစုဝင်များကို ကယ်ထုတ်ပေးခဲ့ရကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

စာသင်ကျောင်းဆောင်မီးလောင်ကျွမ်းမှုဖြစ်ပွားရခြင်းအကြောင်းအရင်းကိုတော့ အသေးစိတ်မသိရှိရသေးပေ။

မီးလောင်သွားသည့် ကျောင်းဆောင်သည် အထက (၉) ကျောင်းဝင်းအတွင်းရှိ ဦးသာညှင်းကျောင်းဆောင်ဖြစ်ပြီး ၁၉၁၈ ခုနှစ်က စတင်တည်ဆောက်ခဲ့သည့် ပင်မကျောင်းဆောင်တစ်ခုဖြစ်သည်ဟု မှတ်တမ်းများအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts