Homeသတင်းရေး PDF စခန်း ဝင်စီးခံရ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း ခန့်မှန်းတန်ဖို့ သိန် ၂၀၀၀ ခန့် ဆုံးရှုံး

ရေး PDF စခန်း ဝင်စီးခံရ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း ခန့်မှန်းတန်ဖို့ သိန် ၂၀၀၀ ခန့် ဆုံးရှုံး

-

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း အဓိက လှုပ်ရှားနေသည့် ရေးပြောက်ကျားတပ်ဖွဲ့ (YGF) ၏ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးစခန်း ဝင်းရောက်စီးနင်းခံရပြီး လက်နက်ခဲယမ်းများ ဆုံးရှုံးသွားခဲ့ကြောင်း YGF က ထုတ်ပြန်ထားသည်။

ရေးပြောက်ကျားတပ်ဖွဲ့ ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးစခန်းကို ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့သည်ဟု YGF က ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်ထားသည်။

ရှေ့တန်းထောက်ပို့နှင့် ဆက်သွယ်ရေးရုံးစခန်း စီးနင်းခံရမှုကြောင့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းများ ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၂၀၀၀ ခန့် ဆုံးရှုံးသွားခဲ့သည်ဟုလည်း ဆိုသည်။

စခန်းစီးနင်းခံရမှုဖြစ်စဥ်အတွင်း မိမိတို့ဘက်က ပြန်လည်ဆုတ်ခွာပေးခဲ့ရပြီး တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ရေးပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ဖော်ပြထားသည်။

ရေးပြောက်ကျားတပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အစပ်ရှိ၊ အလယ်စခန်းကျေးရွာအနီးတစ်ဝိုက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွား ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ရေးပြောက်ကျားတပ်ဖွဲ့သည် ရေးမြို့နယ်အတွင်း အဓိကလှုပ်ရှားနေပြီး ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်း၊ ရဲစခန်း၊ ဌာနဆိုင်ရာတွေကို မကြာခဏ ပစ်ခတ်တိုက်လေ့ရှိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသတင်းပေး ဒလန်ဆိုပြီး စွပ်စွဲခံရသူများကိုလည်း မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts