Homeသတင်းကမ္ဘာကြီး ဆူပွက်သည့် အပူချိန်သို့ရောက်နေဟု ကုလအတွင်းရေးမှုးချုပ် သတိပေး

ကမ္ဘာကြီး ဆူပွက်သည့် အပူချိန်သို့ရောက်နေဟု ကုလအတွင်းရေးမှုးချုပ် သတိပေး

-

ယနေ့ ကမ္ဘာကြီးသည် ပူနွေးလာနေသည်သာမက ဆူပွက်သည့်အပူအချိန်သို့ ရောက်ရှိနေပြီး ရာသီဥတု အကျပ်အတည်းကို အဆိုးရွားဆုံး အခြေအနေကနေ ရပ်တန့်ဖို့ လူတိုင်းမှာ တာဝန်ရှိသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကမ္ဘာ့ခေါင်းဆောင်များကို သတိပေး ပြောဆိုခဲ့သည်။

ကမ္ဘာကြီးသည် ရာသီဥတု ပြောင်းလဲမှုက ပိုမိုပြင်းထန်လာပြီး ယ္ခု (၂၀၂၃) ခုနှစ်သည် အပူဆုံးဖြစ်သည်။ အခု နယူးယောက်မြို့မှာ အပူချိန် (၉၁) ဒီဂရီ ဖာရင်ဟိုက်၊ (၃၂) Celsius အထိ ရှိနေပြီး အခြားနိုင်ငံတွေက ဒီထက်အပူချိန် ပိုများနိုင်ကြောင်း နယူးယောက်ရှိ ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်များအာ ဂူတာတက်ရက်စ်က ပြောကြားခဲ့သည်။

ထို့ကြောင့် ယနေ့ ကျွန်တော်တို့ကမ္ဘာကြီးသည် ပူနွေးလာနေတာ မဟုတ်တော့ပဲ တဖြည်းဖြည်း ဆူပွက်နေပြီးလို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

ရာသီဥတု ပြောင်းလဲလာသည့် တခုအတွက်ကြောင့် ကမ္ဘာ့တဝှမ်း အပူချိန်မြင့်မား လာသည်နှင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း မဟုတ်ပဲ မိုးကြီးခြင်း၊ တောမီးလောင်းခြင်းနှင့် Cyclone မုန်တိုင်း တိုက်ခတ်ခြင်းတို့ကြောင့် ပြည်သူများ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရ သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဖြည့်စွက်ပြောဆိုခဲ့သည်။

တဆက်တည်းမှာပင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ကမ္ဘာ့စီးပွားရေးနိုင်ငံကြီးတွေက ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု (၈၀ %) ရှိသည့် G 20 နိုင်ငံတွေကိုလည်း Carbon Dioxide ဓာတ်ငွေ့ထုတ်လုပ်မှု အလျင်အမြန် လျှော့ချရေးအတွက် တောင်းဆိုခဲ့သည်။

ထို့ကြောင့် လာမည့် (၂၀၄၀) ခုနှစ်တွင် ဓာတ်ငွေ့ထုတ်လုပ်မှု (၀ %) သုညရာခိုင်နှုန်းအထိ လျှော့ချရန် ကမ္ဘာ့ခေါင်းဆောင်တွေက ကတိပေး ပြောဆိုခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts