spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီက လုံခြုံရေးယူပေးဖို့ နှစ်ကရင်ဒေသခံတွေ လိုလားနေကြ

    မွန်ပြည်သစ်ပါတီက လုံခြုံရေးယူပေးဖို့ နှစ်ကရင်ဒေသခံတွေ လိုလားနေကြ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာဘက်တွင် မွန်ပြည်သစ်ပါတီကနေ ဝင်ရောက်လှုပ်ရှားပြီး လုံခြုံရေးယူပေးဖို့ ဒေသခံတို့က လိုလားနေကြသည်။

    ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က နှစ်ကရင်ကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် (PDF) ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီဘက်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အမြောက်တပ် (၃၁၇) မှလည်း လက်နက်ကြီးဖြင့် ပစ်ခတ် ထောင်နဲ့ချီတဲ့ နှစ်ကရင်ဒေသခံတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိအချိန်အထိ နှစ်ကရင်ကျေးရွာရဲစခန်းတွင် စစ်ကောင်စီတပ်များ စခန်းချတပ်စွဲထားသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တာကြောင်း ဒေသခံများ နေရပ်မပြန်ရဲပဲဖြစ်နေသည်။

    ထိုသို့ ဒေသတွင်းဖြစ်ပွားနေသည့် ပဋိပက္ခနှင့် မလုံခြုံမှုအခြေအနေကြောင့် မွန်ပြည်သစ်ပါတီကနေ လာပြီးလုံခြုံရေးယူစေချင်သည်ဟု နှစ်ကရင်ဒေသခံတစ်ဦးက ပြောသည်။

    “ရွာမှာက အမြဲ စိုးရိမ်ပူပန်းမှုတွေနဲ့ နေနေရတယ်။ ဒီအခြေအနေမှာ ကျနော်တို့ မွန်ပြည်သစ်ပါတီပဲဖြစ်ဖြစ်ပေါ့ အဲလို မွန်ပြည်သူအပေါ် သြဇာရှိတဲ့အဖွဲ့အစည်းတွေ လုံခြုံရေး လာယူပေးစေချင်တယ်။ မုဒုံဘက်မှာလည်း သူတို့ (မွန်ပြည်သစ်ပါတီ) လုံခြုံရေးယူပေးနေတယ်ဆိုတော့ ကျနော်တို့ဘက်ကိုလည်း လာပြီး လုံခြုံရေး ယူပေးစေချင်တယ်။ သူတို့ (မွန်ပြည်သစ်ပါတီ) လာမယ်လို့လဲ ကြားနေတယ်။ တကယ်လို့ မွန်ပြည်သစ်ပါတီက လာပြီး လုံခြုံရေးယူပေးမယ်ဆိုရင် ကျနော်တို့ ပိုပြီး လုံခြုံမယ် အေးချမ်းမယ်လို့ ယုံကြည်တယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်သစ်ပါတီ (NMSP)  မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) တပ်ဖွဲ့ဝင်များသည် ဇူလိုင်လဆန်းပိုင်းခန့်မှစပြီး မွန်ပြည်နယ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်အတွင်း ကားလမ်းမတွေနှင့် ကျေးရွာအချို့တွေမှာ ဝင်ရောက်လှုပ်ရှားပြီး လုံခြုံရေးကင်းလှည့်နေတာတွေ ရှိခဲ့သည်။

    “အမတို့ရွာ အရင်လိုပြန်အေးချမ်းစေချင်တယ်။ အခုဖြစ်နေတာနဲ့ ပတ်သတ်ပြီး ဘယ်ဘက်မှကို ယုံလို့မရဘူး။ အဓိက ကိုယ့်မွန်အဖွဲ့(မွန်ပြည်သစ်ပါတီ)က လာကြည့်ပေးရင် ကောင်းတာပေါ့လေ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် နှစ်ကရင်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

    လက်ရှိတွင် ဒေသတွင်း မတည်ငြိမ်မှုအခြေအနေတွင် မွန်ပြည်သစ်ပါတီမှ ဝင်ရောက်လှုပ်ရှားပြီး လုံခြုံရေးဆောင်ရွက်နေသည့်အပေါ် မွန်ပြည်သူလူထုတို့က ကြိုဆိုကြကြောင်း သိရသည်။

    “ဒီလိုမျိုး မွန်လူထုရှေ့မှာ မွန်ပြည်သစ်ပါတီ လက်တွေ့ရောက်လာတာက မွန်ပြည်သူတွေ အတိုင်းမသိဝမ်းသာကြပြီး ကြိုဆိုကြတယ်။ အပြောကြီးမဟုတ်ပဲ မွန်ပြည်သစ်ပါတီက လက်တွေ့ လုပ်ပြလိုက်တာပါ။ မွန်ပြည်သူတွေကတော့ မွန်ပြည်သစ်ပါတီကို အမြဲကြိုဆိုနေပါတယ်” ဟု မုဒုံက ဒေသခံတစ်ဦးက ပြောသည်။

    မွန်ပြည်နယ်အတွင်း အထူးသဖြင့် ရေးမြို့နယ်အတွင်း ရေး-သံဖြူဇရပ်ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား စစ်ရေးပဋိပက္ခပြင်းထန်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks