Homeသတင်းလမိုင်းမြို့အနီး ခြံတစ်ခုတွင် အမျိုးသားတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရ

လမိုင်းမြို့အနီး ခြံတစ်ခုတွင် အမျိုးသားတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရွာသာယာရပ်ကွက်အနီးရှိ ခြံတစ်ခြံတွင် အမည်မသိ အမျိုးသားတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ရွာသာယာကျေးရွာအနီး ‌ခြံတစ်ခြံထဲတွင် အဝတ်အစားများပြန့်ကြဲနေသည်ကို အနီးရှိ အခြားခြံသမားများတွေ့ရှိပြီး ဝင်ရောက်ကြည့်ရှု့ခဲ့ရာမှ ခြံရှိတဲထဲတွင် မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ အသတ်ခံထားရသည့် အမျိုးသားသည် အသက် ၃၀ နှစ်အရွယ်ခန့်ရှိပြီး ဦးခေါင်းနောက်စေ့နှင့် ကျောပြင်တွင် ရိုက်နှက်ခံထားရသည့်ဒဏ်ရာဖြင့် သေဆုံးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သေဆုံးသွားခဲ့တဲ့ ကောင်လေးက လွန်ခဲ့တဲ့ ၂ ရက်လောက်ကမှ ရောက်လာခဲ့တယ်။ သူနဲ့ သူငယ်ချင်းလား ဦးလေးလား မသိ တော်စပ်တဲ့သူက ခေါ်လာခဲ့တယ်။ အဲခြံထဲမှာ သူတို့က မီးသွေးဖုတ်ကြတယ်။ အဲဒီညပဲ အသတ်ခံထိသွားတယ်လို့ ကျနော်ထင်တယ်။ ဘာလို့ဆိုတော့ နောက်စေ့မှာကွဲတဲ့ဒဏ်ရာနဲ့ ကျောပြင်မှာရထားတဲ့ဒဏ်ရာတွေအရပေါ့။ အခုလက်ရှိက အဲဒီသူ့ကိုခေါ်လာတဲ့ လင်မယားနှစ်ယောက်စလုံးက မရှိနေတော့ဘူး ထွက်ပြေးနေတဲ့သဘောမျိုးပေါ့” ဟု ၎င်းဒေသခံက ပြောသည်။

အဆိုပါ အမျိုးသားကို အလုပ်ရှင်ကိုယ်တိုင် ခေါ်ထားတာမဟုတ်သည့်အတွင် မည်သူမည်ဝါဖြစ်သည်ကို  အလုပ်ရှင်ကလည်း မသိကြောင်း ၎င်းက ဆက်ပြောသည်။

သေဆုံးအမျိုးသား ရုပ်အလောင်းကို လမိုင်းလူငယ်ပရဟိတ အရေးပေါ်လူမှုကယ်ဆယ်ရေးအဖွဲ့က လမိုင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက စစ်ဆေးပြီးသည့်နောက်တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts