spot_img
Thursday, February 20, 2025
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

    ကျိုက်ထိုတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသတ်ဖြတ်

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် စစ်ကောင်စီတပ်က ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ရက်အကြာတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ဆိုင်ကယ်ဖြင့် သိမ်ဇရပ်ဈေးတွင် ဈေးဝယ်ပြီး ပြန်လာသည့် ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးဆိုသူသည် သိမ်ဇရပ်လမ်းဆုံဂိတ်တွင် စစ်ကောင်စီတပ်သားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်ဖြင့် တိုက်မိမှု ဖြစ်ပွားခဲ့သည်။

    ထိုဖြစ်စဥ်ဖြစ်ပွားပြီး မောင်ချစ်လေးက တာဝန်ယူဖြေရှင်းပေးမည်ဟုဆိုသော်လည်း ၁၅ မိနစ်ခန့်အကြာတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၀) မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မောင်ချစ်လေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

    ဇူလိုင် ၁၈ ရက်နေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီအမြောက်တပ်မှ မောင်ချစ်လေး အလောင်းလာထုတ်ရန် မိသားစုထံ အကြောင်းကြားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    အလောင်းပြန်ရချိန်တွင် မောင်ချစ်လေးသည် မျက်ကွင်းညို၊ နှုတ်ခမ်းကွဲ၊ လည်ပင်းနှင့် ဂုတ်ပိုး ညိုမဲစွဲဒဏ်ရာ၊ ဦးခေါင်းညိုမဲစွဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

    မောင်ချစ်လေးသည် ဇူလိုင်လ ၁၈ ရက်နေ့က သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် သေဆုံးသွားသည်မှာ မှန်ကန်ကြောင်း သိမ်ဇရပ်တိုက်နယ်ဆးရုံအုပ် ဒေါက်တာမြတ်ဆုဝေက လက်မှတ်ရေးထိုး စာထုတ်ပေးခဲ့ပြီး အလောင်းထုတ်ယူရာတွင်လည်း ငွေကျပ် ၂ သိန်း ပေးဆောင်ခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်မှာတော့ မောင်ချစ်လေးဆိုင်ကယ်ကို ဂိတ် လုံခြုံရေးတပ်ဖွဲ့တို့က တားဆီးစစ်ဆေးစဥ် ဆိုင်ကယ်ဘောက်စ်ထဲ သံဘောစိများနှင့် ဖုန်းထဲတွင် PDF စခန်းတွင် ရိုက်ထားသည့် ဗီဒီယိုတွေ့ရှိသည်ဆိုပြီး သိမ်ဇရပ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားစဥ် အမောဖောက်ပြီး ဆေးရုံပို့ဆောင်ခဲ့ကြောင်း ဆေးရုံရောက်ပြီး ၄ နာရီဝက်အကြာတွင် သေဆုံးသွားသည်ဟု ရေးသားဖော်ပြထားသည်။

    စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည် မောင်ချစ်လေးသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိပဲ စျေးဝယ်စျေးရောင်ဖြင့် လုပ်ကိုင်စားသောက်နေသည့် သာမာန်ပြည်သူတစ်ဦးသာ ဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။ 

    ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စစ်ကောင်စီအမြောက် (၃၁၀) မှ တပ်ကြပ်ကြီး ဦးတင်ရွှေ(ငြိမ်း) ၏ ချွေးမဖြစ်သူနှင့် စကားများခဲ့သည့် ဆိပ်ကလေးကျေးရွာနေ အမျိုးသားတစ်ဦးလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,100SubscribersSubscribe
    spot_img

    Latest posts