Homeသတင်းတိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ခလယ်-တံခွန်တိုင်ဒေသခံများ နေရပ်မပြန်ရဲသေး

တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ခလယ်-တံခွန်တိုင်ဒေသခံများ နေရပ်မပြန်ရဲသေး

-

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်က ဒေသခံများ ယနေ့အထိ နေရပ်မပြန်ရဲကြသေးဘူးလို့ ထွက်ပြေးတိမ်းရှောင်နေရသူတို့က ပြောသည်။

ခလယ်-တံခွန်တိုင်ဒေသအတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့်  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇူလိုင်လ ၁၄ ရက်နေ့ကတိုက်ပွဲကြောင့် ခလယ်-တံခွန်တိုင်ဒေသတွင်းရှိ နောင်ဒေ့၊ ပုလိန်၊ ခလယ်၊ တံခွန်တိုင် အစရှိသည့်ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

“ပစ်ခတ်တာက ရွာနှင့်တော့ သိပ်မဝေးဘူး ရွာအတွင်းတော့ မဟုတ်ဘူး။ လေယာဥ်ပျံပါ ပါလာမှာကိုစိုးရိမ်ပြီး ပစ်ခတ်ဖြစ်ပြီး အခြေအနေကြည့်ပြီးတော့မှ ရွာကနေ ထွက်လာလိုက်တယ်။ ရွာမှာကကျန်တဲ့ သူသိပ်မရှိဘူး” ဟု နောင်ဒေ့ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ ခလယ်- တံခွန်တိုင်ဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဥ်လိုလို ပစ်ခတ်နေခြင်းနှင့် ဒေသတွင်း တိုက်ပွဲ ထပ်မံဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများ နေရပ်မပြန်ရဲပဲဖြစ်နေကြသည်။

“အခု ပစ်ခတ်မှုတွေ မရှိတော့ဘူးလို့ကြားပေမယ့် မပြန်ရဲသေးဘူး။ ရွာမှာက ဖုန်းလိုင်သိပ်မမိဘူးဆိုတော့ ဆက်သွယ်လို့မရဘူး။ ဟိုကနေ ပြန်ဆက်သွယ်လာမှ အခြေအနေသိပြီးမှ ပြန်ရဲမှာ” ဟု မုဒုံသို့ ထွက်ပြေးတိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

တိမ်းရှောင်သူအများစုသည် မုဒုံမြို့နယ်ဘက်သို့ တိမ်းရှောင်နေကြပြီး တချို့က နီးစပ်ရာ ကျေးရွာသို့ တိမ်းရှောင်နေကြသူလည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဇွန်လအတွင်းကလည်း အဘစ်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမြှောက်တပ် (၃၁၈) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာအနီးဝန်းကျင်ကျရောက်ပေါက်ကွဲသည့်အတွက် ပုလိန်၊ ခလယ်၊ တံခွန်တိုင်နှင့် နန်းသိုင်းထွန်ကျေးရွာတို့မှ ဒေသခံ ၁၅၀၀ ဝန်းကျင်ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts