spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းမွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၆၀ ဦးရှိပြီး နှစ်ဦး သေဆုံး  

    မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၅၆၀ ဦးရှိပြီး နှစ်ဦး သေဆုံး  

    -

    မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၆၀ ဦးရှိပြီး နှစ်ဦး သေဆုံးကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။ 

    လက်ရှိတွင် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရောနှင့် ရေးမြို့နယ်တို့တွင် တုပ်လွန်တုပ်ကွေးကူးစက်ဖြစ်ပွားမှုနှုန်း များပြားနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    “သေဆုံးသွားသူနှစ်ဦးက ပေါင်မြို့နယ် အလှပ်ကျေးရွာက တစ်ဦးနဲ့ သံဖြူဇရပ်မြို့နယ်က လသားအရွယ်ကလေးတစ်ဦးပါ” ဟု ဆိုသည်။

    ယခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုများလာနိုင်သည့်အတွက် အထူးသတိပြုရန် လိုအပ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၂၀၀၀  ကျော်ရှိခဲ့ပြီး၊ သေဆုံးသူ ၁ ဦး ရှိခဲ့သည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာရှိစာရင်းများအရ သိရသည်။

    သွေးလွန်တုပ်ကွေးနှင့် ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု ခြေပြုသည့်စနစ်၊ ကျောင်းအခြေပြုသည့်စနစ်၊ ရောဂါဖြစ်ပွားသည့် ကလေးလူနာတစ်ယောက်တွေ့ပါက စောင့်ရှောက်ရမည့်စနစ် စသည့် စနစ် ၃ မျိုးဖြင့် ဆောင်ရွက်နေပါကြောင်း‌ ဆိုသည်။

    ၎င်းပြင် ရောဂါခံစားနေရသည့် ကလေးများ အသက်အန္တရာယ်စိုးရိမ်ရသည့် လက္ခဏာရှိလာပါက စောစီးစွာ လွှဲပြောင်းနိုင်ရေးအတွက်ကိုလည်း မြို့နယ်တိုင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အားလုံးကို စည်းရုံးပြီး လုပ်ဆောင်နေကြောင်းလည်း ပြောသည်။

    မိုးတွင်းကာလတွင် အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်တားဆီးရန်အတွက် ပြည်သူ့ကျန်းမာရေးဌာနမှ ပညာပေးလုပ်ငန်းများ၊  ခြင်နှိမ်နင်းကာကွယ်ရေးလုပ်ငန်းများနှင့် ပိုးလောက်လံသတ်ဆေးခပ်ခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်ရှိ ရပ်ကွက် ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိသည်။

    ပြည်သူအနေနှင့်လည်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် မိမိတို့နေအိမ်ပတ်ဝန်းကျင်တွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပုံမှန် လုပ်ဆောင်ရန်လည်း လိုအပ်သည်ဟု ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူတို့က တိုက်တွန်းနှိုးဆော်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts