Homeသတင်းရေးဒေသထွက် သစ်သီးများ စျေးကောင်းရသော်လည်း အရောင်းအဝယ်မကောင်းလို့ တွက်ခြေမကိုက်ကြဟုဆို

ရေးဒေသထွက် သစ်သီးများ စျေးကောင်းရသော်လည်း အရောင်းအဝယ်မကောင်းလို့ တွက်ခြေမကိုက်ကြဟုဆို

-

မွန်ပြည်နယ်၊ ရေးမြို့နယ်ဒေသထွက် သစ်သီးများ ယခုနှစ်တွင် စျေးကောင်းရသော်လည်း ဒေသတွင်း စစ်ရေးပဋိပက္ခများကြောင်း အရောင်းအဝယ်မကောင်းသည့်အတွက် တွက်ခြေမကိုက်ကြဘူးလို့ သစ်သီးခြံရှင်နှင့် သစ်သီးအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့်အပြင် အရပ်သား ပစ်ခတ်ခံရသည့်ဖြစ်စဥ်များလည်း ဆက်တိုက်ဖြစ်ပွားနေသည်။

ယခုလို နယ်မြေမတည်ငြိမ်မှုများကြောင့် ယခုနှစ် သစ်သီးရာသီတွင် သစ်သီးလာဝယ်သူ မရှိသလောက်နည်းပါးသွားသည်ဟု ဆိုသည်။

“ကျမတို့က ခြံထွက်လည်းရောၚ်းနေတယ်။ တခြားခြံတွေဆီကလည်း ဝယ်ရောင်းတယ်။ ဒူးရၚ်းရော၊ မၚ်းဂွတ် ကြက်မောက် စသဖြၚ့် စျေးရကြတယ်။ မနှစ်ကထက် နှစ်ဆ နီးပါးစျေးရတယ်။ ဒူးရၚ်းသီးဆိုရၚ် မနှစ်က ၃၀၀၀ ဆို အခုက ၅၀၀၀ လောက်ရနေတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။

ယခင်နှစ်များက ရေးဒေသထွက်သစ်သီးများကို အခြားဒေသက ဖောက်သည်များ လာယူကြသော်လည်း ယခုနှစ်တွင် ဒေသတွင်း ပြင်းထန်လာနေသည့် စစ်ရေးပဋိပက္ခများကြောင့် ဖောက်သည်လာယူသူ နည်းပါးသွားကြောၚ်းလည်း သစ်သီးအရောင်းအဝယ်ပြုလုပ်နေသူတို့က ပြောသည်။

တိုက်ပွဲကြောၚ့် ပုံမှန်ရောၚ်းချရသည့်နေ့ မရှိဘူးလို့ ရေးကားလမ်းတွင် သစ်သီးအရောၚ်းဆိုၚ်ဖွင့်ထားသူတစ်ဦးက ပြောသည်။

“တစ်ချို့နေ့တွေဆို ရောၚ်းနေရၚ်းနဲ့ စစ်သားတွေ လှည့်လည်တာတွေ့ရၚ် သစ်သီးကို အဲအတိုၚ်းထားပြီး ရှောၚ်ရတဲ့နေ့တွေရှိတယ်။ အခြေအနေမကောင်းဘူးဆိုပြီး နှစ်ရက် သုံးရက်လောက် နားလိုက်ရတာလဲရှိတယ်။ ဘာမှမကြားတဲ့နေ့ဆို ညနေထိရောၚ်းရတဲ့ နေ့လည်းရှိတယ်” ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်တောင်ပိုင်း ရေးဒေသတွင် ဒူးရၚ်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ရေငံသီး အစရှိသည့် သစ်သီးများ အဓိကထွက်ရှိရာဒေသတစ်ခုဖြစ်ပြီး မွန်ပြည်နယ်အပြင် အခြားဒေသသို့လည်း တင်ပို့ရောင်းချပြီး စျေးကောင်းရလေ့ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts