spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းပေါင်မြို့နယ်က ပြည်သူ့စစ်ထံမှ လက်နက်များသိမ်းဆည်းရမိ

    ပေါင်မြို့နယ်က ပြည်သူ့စစ်ထံမှ လက်နက်များသိမ်းဆည်းရမိ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းက ပြည်သူ့စစ်များထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း KNLA၊ PDF ပူပေါင်း တပင်ရွှေထီးစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့က ဇူလိုင်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ပေါင်မြို့နယ်၊

    ထန်းလေးရွာ ဗမာစုနေ ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမြ၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး

    ရိုင်ဖယ်သေနတ် ၃ လက်နှင့် BA 52 စတင်းဂန်း တစ်လက်၊ ကျည်အိမ် ၆ ခုနှင့် ကျည်ဆံများ သိမ်းဆည်းရမိသည်ဟု ဆိုသည်။

    ၎င်းပြင် ဆက်လက်ဖော်ထုတ်ချက်အရ ပြည်သူ့စစ်အဖွဲ့ဝင် နှစ်ဦးထံမှလည်း ရိုင်ဖယ် တစ်လက်စီနှင့် ကျည်အိမ် ၂ ခု စုစုပေါင်း လက်နက် ၆ လက်၊ ကျည်အိမ် ၈ ခုနှင့် ကျည် ၁၀၀ တောင့်ခန့်ကို သိမ်းဆည်းရမိသည်ဟု ထုတ်ပြန်ထားသည်။

    ထိုသို့ ဝင်ရောင်စီးနင်းရာတွင် ပြည်သူ့စစ်ဘက်က ပြန်လည်ခုခံခြင်းမပြု အသာတကြည် လက်နက်ချခဲ့ကြသည့်အတွက် ၎င်းတို့ကို အသက်အန္တရာယ် မပြုပဲ သတိပေးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts