Homeသတင်းခြောက်လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ နီးပါး ဖြစ်ပွားခဲ့ဟု ကေအဲန်ယူထုတ်ပြန်

ခြောက်လအတွင်း တိုက်ပွဲပေါင်း ၂၅၀၀ နီးပါး ဖြစ်ပွားခဲ့ဟု ကေအဲန်ယူထုတ်ပြန်

-

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ ၆ လတာ ကာလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ပေါင်း ၂၄၉၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။  

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က တပ်ရင်းမှူး ၅ ဦး၊ ဒုရင်းမှူး ၅ ဦး၊ ဗိုလ်ကြီး ၉ ဦး၊ ဗိုလ် ၄ ဦး၊ အရာခံဗိုလ် ၅ ဦးအပါအဝင် စုစုပေါင်း ၂၆၃၂ ဦး သေဆုံးပြီး ဒုရင်းမှူးတစ်ဦးအပါအဝင် စုစုပေါင်း ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းပြင် စစ်ကောင်စီတပ် စစ်ဆင်ရေးအတွက် အသုံးပြုသည့် မော်တော်ယာဉ် ၉၉ စီးလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆိုထားသည်။

KNLA နှင့် KNDO ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ၇၆ ဦး သေဆုံးပြီး ၂၅၇ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ကေအဲန်ယူ အုပ်ချုပ်နယ်မြေအတွင်း နေ့စဥ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်ရေးချိုးဖောက်မှုများကို ပုံစံအမျိုးမျိုးဖြင့် ကျုးလွန်နေသည်ဟုလည်း ကေအဲန်က ထုတ်ပြန်ပြောဆိုထားသည်။

ကေအဲန်ယူ အုပ်ချုပ်နယ်မြေများအတွင်း စစ်ဘေးရှောင်ဦးရေ ၆ သိန်းနီးပါးရှိနေပြီး နေရာထိုင်ခင်းအတွက် အမိုးအကာများနှင့် စားနပ်ရိက္ခာ မလုံလောက်သည့် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts