Homeသတင်းမိုင်းခွဲခံရသည့်တံတား ပြင်ဆင်ရန် လုပ်ဆောင်နေသည့်အဖွဲ့ တိုက်ခိုက်ခံရ

မိုင်းခွဲခံရသည့်တံတား ပြင်ဆင်ရန် လုပ်ဆောင်နေသည့်အဖွဲ့ တိုက်ခိုက်ခံရ

-

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုင်းဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတား ယာယီဘေလီတံတားလုပ်ဆောင်ရန် ပြင်ဆင်နေသည့်အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်က Drop Bomb ချတိုက်ခိုက်ခံရကြောင်း သိရသည်။

ယာယီဘေလီတံတားလုပ်ဆောင်ရန် လုပ်ဆောင်နေသည့်အဖွဲ့ကို Drop Bomb ဖြင့် ၈ လုံးခန် ပစ်ချတိုက်ခိုက်ခဲ့သည့်အပြင် ရှော့တိုက်ဒုံးဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ထိုတိုက်ခိုက်ခံရမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ထိခိုက်ဒဏ်ရာရခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်ကို သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ကျုံအိတ်တံတားကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းဖောက်ခွဲခဲ့ပြီး တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားခဲ့သည်။

တံတားမိုင်းဖောက်ခွဲခံရသည့်ဖြစ်စဥ်အတွင်း အိမ်စီးကား နှစ်စီး ပြိုကျသွားသည့်တံတားနှင့်အတူ ပါသွားပြီး ကားပေါ်ပါ အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထိုဖောက်ခွဲခံထားရသည့်တံတားကို လာရောက်ကြည့်ရှု့သည့် ဌာနဆိုင်ရာတပ်ဖွဲ့များလည်း ဇွန်လ ၂၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က တိုက်ခိုက်ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးသေဆုံးကာ ၂၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts