spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်က စစ်ကောင်စီ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

    ရေးမြို့နယ်က စစ်ကောင်စီ ဆက်သွယ်ရေးတာဝါတိုင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲအပိုင် ၁၄ မိုင်ကျေးရွာအနောက်ဘက်ရှိ စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီ ဆက်သွယ်ရေး တာဝါတိုင်စခန်းကို ဇူလိုင်လ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် စီးနင်းခဲ့သည်ဟု ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။

    ထိုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြကြောင်းလည်း ထုတ်ပြန်ပါရှိသည်။

    ဆက်သွယ်ရေးတာဝါတိုင် (micro wave)အား မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ (YGF) က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts