spot_img
Monday, February 16, 2026
More
    spot_img
    Homeဆောင်းပါးပြည်တွင်းပဋိပက္ခဖြေရှင်းရေးနှင့် တိုင်းရင်းသားများ၏ ကဏ္ဍ (ဆောင်းပါး)

    ပြည်တွင်းပဋိပက္ခဖြေရှင်းရေးနှင့် တိုင်းရင်းသားများ၏ ကဏ္ဍ (ဆောင်းပါး)

    -

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင် လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာပြီး နိုင်ငံရေး အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင်ပဋိပက္ခတွေကို နှစ်နှစ်ကျော်လာသည့်တိုင် ဖြေရှင်းနိုင်ခြင်းမရှိဘဲ နိုင်ငံတစ်ဝှမ်း စစ်ရေးပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့သည်။

    မြန်မာပြည်တွင်းက ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းက အဖွဲ့အစည်းအချို့၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဖြေရှင်းရေး ကြိုးပမ်းလျက်ရှိနေသည်။

    လက်ရှိ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသော စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့အကြား တိုင်းရင်းသားအင်အားစုများမှ ကြားဝင်ညှိနှိုင်းပေးပါက ပြေလည်နိုင်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

    သို့သော်လည်း ယခင် အာဏာပိုင်များ အဆက်ဆက် တိုင်းရင်းသားများကို နေရာပေးခဲ့ခြင်း မရှိကြောင်း၊ တိုင်းရင်းသားအင်အားစုများ ဝင်ရောက်စေ့စပ်မှုကိုလည်း လက်ခံမည် မဟုတ်ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    “တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုခဲ့တယ်၊ လျစ်လျူရှုခဲ့တယ်၊ သူတို့ကို နေရာမပေးဘူး။ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ထိန်းချုပ်ထားတယ်၊ နောက်တစ်ခါ ခင်ဗျားစောစောက မေးသလိုပေါ့လေ၊ တိုင်းရင်းသားတွေက ဝင်ရောက်စေ့စပ်ပေးဖို့ဆိုတဲ့ဟာလည်း အဲဒီဟာမျိုးအထိလည်း သူတို့မှာ ကျ‌‌နော် သိသလောက်ကတော့ အဲဒီလို ရည်ရွယ်ချက်မရှိဘူးဗျ၊ လိုသုံးလောက်ပဲ သဘောထားတယ်၊ သူတို့ပြေးလာတဲ့အခါမျိုး မှီခိုသွားမယ်၊ သို့မဟုတ် တချို့ချို့ စကားပြောဖို့ လိုတဲ့အခါမှာ တဆင့်ခံလောက်သုံးတယ်၊ ဒါပေမဲ့ နိုင်ငံတစ်ခု ပြောင်းလဲသွားအောင် အထိကတော့ သူတို့ အဲဒီလောက်အထိတော့ အစီအစဉ်မရှိဘူးလို့ ကျနော်ကတော့ သိရတယ်၊ အဲဒါကြောင့်လည်း EAO၊ ERO တွေက အစပေါ့နော် သူတို့တွေ့ဆုံဆွေး‌နွေးညှိနှိုင်းတယ်ဆိုတဲ့အခါ တစ်စိတ်တစ်ပိုင်းဆီ တစ်ဖွဲ့ဆီ ဒီဟာမျိုးကတော့ စစ်ကောင်စီမှာလည်း တွေ့ရသလို ဒီဖက်တော်လှန်တဲ့ အစိုးရအဆက်ဆက်မှာလည်း အဲဒီပုံစံမျိုး တွေ့ရပါတယ်” ဟု ဆိုသည်။

    လက်ရှိ ပဋိပက္ခအတွင်း တိုင်းရင်းသားများအနေဖြင့်လည်း တစ်စုတစ်စည်းတည်း မရှိကြောင်း၊ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးတွေ့ဆုံနေသည့်အဖွဲ့ရှိ သကဲ့သို့  တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း လှုပ်ရှားနေသည့် အဖွဲ့အစည်းများလည်း ရှိနေခြင်းကြောင့် ကြားဝင်စေ့စပ်ပေးနိုင်ချေ မရှိဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

    နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကြားဝင်ညှိနှိုင်းပေးပါက ပြေလည်နိုင်မည့် အခြေအနေရှိကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက ပြောသည်။

    ဦးကွမ်ဂေါင်အောင်ခမ်း” ကြားဝင်လို့ကတော့ မရတော့ဘူး။ အခုတော့ ကြားဝင်နိုင်တာကတော့ ဒီကမ္ဘာ့အင်အားကြီးတွေပေါ့နော်၊ EU၊ အမေရိကန်ပေါ့၊ ဗြိတိ ဒါပြီးမှ အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေ ဩစတျေးလျ၊ ဂျပန်တွေ၊ ကိုရီးယားတွေ၊ တရုတ်၊ အိန္ဒိယတွေ တောင်အာရှ ဒါတွေ အကုန်လုံးကြားဝင်ပြီးမှ လုပ်ပေးနိုင်ရင်‌တော့ ဒီဟာတွေတော့ ဖြစ်တယ်၊ တိုင်းရင်းသားတွေက အခုချိန်မှာ ကြားဝင်လို့ မရတော့တာ” ဟု ပြောသည်။

    မြန်မာပြည်တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်းမှာ အမျိုးသားတန်းတူရေးကြောင့် ဖြစ်ရကြောင်း၊ တန်းတူအအခွင့်အရေးရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှသာ ပြေလည်နိုင်မည်ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

    “နိုင်ငံရေးအဖြေရဖို့အတွက် ငြိမ်းချမ်းရေးတွေ့ဆုံမှု၊ ဆွေးနွေးမှုဆိုတာ ဖြစ်လာတယ်၊ အဲဒီလို တွေ့ဆုံဆွေးနွေးနိုင်အောင် အပစ်အခတ်ရပ်ဖို့လိုတယ်၊ အပစ်အခတ်ရပ်ဖို့အတွက် NCA စာချုပ်လိုမျိုး ခိုင်ခိုင်မာမာ ရှိဖို့ လိုတယ်ဆိုတဲ့ဟာနဲ့ အခုထိသွားတာပေါ့၊ အခြေခံသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းမှုကို ယူမယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို တည်ဆောက်မယ်ဆိုတဲ့ သဘောနဲ့ သွားနေတာပေါ့၊ ရောက်မရောက်က ခရီးပေါက်မပေါက်က နှစ်ဖက်အခြေအနေနဲ့ဆိုင်တာပေါ့။ ကျနော်တို့က‌‌တော့ တောက်လျှောက်ပြောလာတာပဲ။ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်တာ အမျိုးသားတန်းတူရေးကြောင့်ဖြစ်တယ်၊ အဲဒီဟာရဲ့အထိုင်သည် တနည်းအားဖြင့် အခြေခံသည် အခြေခံဥပဒေဖြစ်တယ်၊ အဲဒီတော့ အခြေခံဥပဒေကို ပြင်ဆင်ခြင်းနည်းလမ်းနဲ့ ငြိမ်းချမ်းမှု၊ တနည်းအားဖြင့် တန်းတူအခွင့်အရေး တနည်းအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာသာ ၂၀၀၈ ဖွဲ့စည်းပုံကို ချန်ထားခဲ့ပြီးမှ တခြားအောဖ့်ရှင်းတစ်ခုကို စဉ်းစားဖို့ လိုအပ်သည် မလိုအပ်သည်လား လက်ရှိခေါင်းဆောင်များ ငြိမ်းချမ်းရေးဆွေးနွေးနေကြတဲ့ ပုဂ္ဂိုလ်များရဲ့ ရည်မှန်းချက် ဘယ်လောက်ကြီးသလဲ ဘယ်ထိများ နှစ်ဖက်သဘောထားကြီးကြသလဲဆိုတာနဲ့ ဆိုင်မှာပေါ့” ဟု ပြောသည်။

    မြန်မာနိုင်ငံတွင် ၁၉၄၈ လွတ်လပ်ရေးရရှိမှုနှင့်အတူ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် မြန်မာစစ်တပ်တို့အကြား နှစ်ပေါင်း ၇၀ ကျော်ကြာ စစ်ရေးပဋိပက္ခများဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

    ထို့နောက် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် စစ်ပွဲများ ဖြစ်ပွားခြင်း မရှိခဲ့သော ပြည်မဒေသများအထိ တိုက်ပွဲများ ဖြစ်ပွားလာကာ ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည်များမှာ အဘက်ဘက်က ယိုယွင်းကျဆင်းလျက်ရှိနေသည်။

    စစ်ကိုင်းတိုင်း စစ်မျက်နှာတွင် ရောက်ရှိနေသည့် ကချင် KIA တပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ (PDFs) – Photo credit: KNG

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks