spot_img
Thursday, May 9, 2024
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခအခြေအနေ၊ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ရေးမြို့ခံ အမျိုးသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်း

    ရေးမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခအခြေအနေ၊ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ရေးမြို့ခံ အမျိုးသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်း

    -

    စစ်အုပ်ချုပ်ရေးကြေညာထားပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားမှု အားကောင်းနေတဲ့ ရေးမြို့နယ်အတွင်းမှာ ပစ်ခတ်တိုက်ခိုက်တွေ ပိုမိုပြင်းထန်လာတဲ့အပြင် အရပ်သား သတ်ဖြတ်ခံရမှုတွေလည်း ဆက်တိုက်ဖြစ်ပွားနေပါတယ်။ ရေးမြို့နယ်အတွင်းက စစ်ရေးပဋိပက္ခအခြေအနေ၊ လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး ရေးမြို့ခံ အမျိုးသားတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး – စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုထိ ရေးမြို့နယ်အတွင်းက အခြေအနေလေး ဘယ်လိုရှိလဲ။

    ဖြေ – လုံခြုံရေးက လုံးဝမရှိတော့ဘူး။ အုပ်ချုပ်ရေးယန္တရားပျက်ပြားနေတာပေါ့။ အားလုံး ကြောက်နေရတဲ့ အနေအထားပါ။ ဟိုဘက် ဒီဘက် အကုန်လုံးကြောင်နေရတယ်။ ပိုဆိုးလာတာက လုံခြုံးရေးအပိုင်း ပိုဆိုးလာတယ်။ မြို့လယ်ခေါင်မှာ ရွှေဆိုင် ဒမြတိုက်တာတွေလည်း ရှိလာတယ်။ အဲလိုမျိုးပေါ့ မြို့ထဲမှာ ဘာမှန်း ညာမှန်း မသိတဲ့ လက်နက်ကိုင်အဖွဲ့တွေက ရှိနေတယ်။ ပြည်သူ့စစ်လည်းမဟုတ်၊ ရဲလည်းမဟုတ်၊  စစ်သားလည်းမဟုတ်တဲ့အဖွဲ့တွေရှိနေတယ်။ အမျိုးမျိုးပေါ့နော် အဲလိုမျိုးတွေရှိနေပြီး လုံခြုံမူတွေမရှိဘူး ခိုးမှူတွေများလာတယ်။ ဒုစရိတ်မှုတွေ ပေါလာတယ်။ ဆိုင်ကယ်ဆိုလည်း တစ်ညမှာ အနည်းဆုံးမပျောက်ဘူးဆိုရင် တစ်ရပ်ကွက်မှာ တစ်စီးပျောက်နေတာပေါ့နော် အဲလိုမျိုး ရွာမှာလည်း အဲလိုပဲ ပျောက်နေတယ်။ လမ်းမှာဆိုရင် တစ်ရွာနဲ့ တစ်ရွာ ရွာချင်းဆက်လမ်းတွေမှာဆိုလည်း တားဆီးပြီးတော့ လက်နက်ထုတ်ပြီးတော့ ပိုက်ဆံတောင်းတယ်။ ဆိုင်ကယ်လုတယ်။ အဲဖြစ်စဉ်တွေက ပိုများလာတယ်ပေါ့နော် အဓိက ဘာလဲဆိုတော့ လုံခြုံရေး တရားဥပဒေစိုးမိုးရေးမရှိတော့တာပေါ့ အဲလိုဖြစ်သွားတယ်။

    မေး – ရေးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ညမထွက်ရအမိန့်ပါ ထုတ်ပြန်ထားတော့ ဒေသခံတွေအတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာရှိလဲ။

    ဖြေ – သွားလာရေးကတော့ မနက် ၆ နာရီ ည ၆ နာရီ အပြင်မထွက်ရဆိုတော့ အခက်ခဲဖြစ်တာပေါ့။ အစစအရာရာပေါ့ အကုန်လုံးခက်ခဲသွားကြတယ်။ ညဘက်စျေးရောင်းတဲ့လူတွေရော ညနေဘက်စျေးရောင်းသူတွေရော အကုန်လုံးပေါ့လေး။ အားလုံးအခက်ခဲဖြစ်ကုန်ကြတာပေါ့။

    မေး – ရေးမြို့နယ်အတွင်းမှာ အရပ်သား သတ်ဖြတ်ခံရမှုတွေလည်း မကြာခဏဖြစ်ပွားနေပါတယ်။ ဒီအနေအခြေနဲ့ ပတ်သက်ပြီးတော့ရော ဘာတွေ သိထားတာရှိလဲ။

    ဖြေ – သိရသလောက်ကတော့ အယောက် ၃ဝ ကျော်ရှိမယ် အသတ်ခံရသူတွေ။ အဲဒီမှာ ဒလန်ဆိုပြီးတော့ စွပ်စွဲပြီးတော့ အသတ်ခံရတာရှိတယ်။ နောက်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပစ်သတ်ခံရတယ်။ ဒီအရပ်သားဆိုရင်ပေါ့ လက်နက်မကိုင်ဆောင်တဲ့ လူဆိုရင် ဒလန်ဆိုပြီးတော့ စွတ်စွဲသတ်ဖြတ်ခံရတာရှိတယ်။ နောက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလည်း တံတားတွေမှာ သူတို့တားဆီးတာကို ဟိုက မကြားတော့ အဲလိုလဲ လူတွေ ပစ်ခတ်ခံရတာရှိတယ်။ အချို့ ဆေးကြောင်နေတာပေါ့နော် ဆေးကြောင်ပြီးတော့ ညအချိန်မတော် စစ်ဆေးရေးဂိတ်ကို ဖြတ်လို့ ပစ်ခတ်ခံရတာရှိတယ်။ အားလုံးပေါ့နော် ဟိုဘက် ဒီဘက် ပစ်ခတ်လိုက်လို့ သေသွားတာက အယောက် ၃ဝ ကျော်ကျော်လောက်ရှိတယ်။ အချို့ဒေသခံတွေက ဒလန်ဆိုပြီးတော့ စွပ်စွဲသတ်ဖြတ်ခံရတာပေါ့နော်။ သူတို့ (PDF) က ဒလန်ဆိုပြီးတော့ သတ်ဖြတ်ခံရတာပေါ့နော် အဲလိုရှိတယ်။

    မေး – အရပ်သားတွေ သတ်ဖြတ်ခံနေရတာတဲ့အပေါ်ရော ဘယ်လိုမြင်လဲ။

    ဖြေ – ဒီလိုမျိုး လက်နက်မဲ့ပြည်သူတွေကို ဘယ်အဖွဲ့စည်းကပဲဖြစ်ဖြစ် အဲလိုမျိုးပေါ့နော် မတရားမဲ့သတ်ဖြတ်နေတာကိုတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပေါ့နော် ဘယ်လိုပဲပြောပြော အစိုးအရအဖွဲ့ကပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် သူ့မှာထိုက်သင့်တဲ့ အပြစ်ဒဏ်တစ်ခုရှိတာပေါ့နော် လူသားတစ်ဦးအနေနဲ့ သူ့မှာ အခွင့်အရေးရှိတာပေါ့ အဲလိုအခွင့်အရေးလည်းမရှိဘူး စစ်ဆေးမေးမြန်ခြင်းလည်းမရှိဘူး ဒီမှာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာပဲဖြစ်ဖြစ် တစ်စုံတစ်ဦးတစ်ယောက်က ချောက်တွန်းလုပ်တာနဲ့ လူတစ်ယောက်ကို အသတ်ခံရလောက်တဲ့အထိ လုပ်လိုက်ရင်တော့ ရေရှည်မှာ ဒါတွေက မကောင်းဘူးပေါ့။ မကောင်းတဲ့အပြင်ကို နောက်ဘယ်လိုမှ ငြိမ်းချမ်းဖို့အကြောင်းမရှိဘူး။ သူ့ကို ငါသတ်၊ ငါ့ကို သူသတ် ဖြစ်လာမယ်။ သူ့ဆွေးမျိုးထိ ငါ့ဆွေးမျိုး ပြန်လုပ်မယ်ဆိုတဲ့ဟာမျိုး ဖြစ်လာမယ်။ နောက်ငြိမ်းချမ်းလာရင်တောင်မှ ဒီအခက်ခဲတွေက ပြေလည်းတော့မှာ မဟုတ်ဘူး။ အဲတာကြောင့်ပေါ့ တစ်ခုခုလုပ်တော့မယ်ဆိုရင် သတိပေးတာတို့ လူ့တစ်ဖက်က ရှင်းပြခွင့်ရမည့်အနေအထားတစ်ခုဖြစ်အောင် ဖန်းတီးပေးပေါ့နော်။ အဲလိုမျိုးဆိုရင်တော့ အဆင်ပြေမှာပေါ့ ဒါမှမဟုတ် စွပ်စွဲခံရလျှင် တစ်ဖက်ကိုခေါ်ယူစစ်ဆေး မေးမြန်တာမဟုတ်ရင်တောင်မှ တစ်ဖက်ကို အကြောင်းကြားပြီးတော့ အဲဒါနှစ်ဖက် ဟုတ် မဟုတ်ဆိုပြီး ကြားနားပြီးမှ လုပ်တာတော့ကောင်းတာပေါ့ အခုတစ်ဖက်က ပြောတဲ့ စကားအပေါ်မှာ တရားဝင်တွက်ချက်ပြီးမှ ထင်မြင်ယူဆပြီးတော့လုပ်တဲ့အခါလည်းရှိတယ်။ နောက် အကျိုးဆက်တွေကတော့ မကောင်းဘူးပေါ့ အဲလိုမျိုးတော့ မြင်တာပေါ့။

    မေး – စစ်ကောင်စီတပ်နဲ့ ဒေသတွင်း လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားက ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ရော ဘာများပြောချင်တာရှိလဲ။

    ဖြေ – ရွာလမ်းပေါ်မှာပေါ့နော် ရွာနဲ့ အနီးတစ်ဝိုက်မှာ တပ်မတော်ယာဥ်ကြောင်းတွေကို မိုင်းဆွဲတာတို့ ဘာတို့ လုပ်ရင် အဓိကတော့လုပ်ရင် ရွာဘဲနာတာပေါ့ ရွာနဲ့နီးစပ်မှာလုပ်ရင် ဒီရွာသားတွေပဲ လုံခြုံရေးတပ်ဖွဲ့တွေက ရှင်းလင်းတာတွေ၊ ဖမ်းဆီးတာတွေလုပ်မှာပေါ့နော် ဒါက သူတို့မှာ ဘာဗျူဟာရှိတာလည်းတော့ မသိဘူးပေါ့နော် အဓိကတော့ ရွာနဲ့ နီးစပ်တဲ့နေရာမှာ မဖြစ်ရင် အကောင်းဆုံးပေါ့ ရွာထဲမှာဖြစ်ရင် ဖြစ်တဲ့ရွာက ကြမှာပဲလေး ရွာနဲ့အနီးတစ်ဝိုက် ရှောင်ကျဥ်းပြီးတော့ သူတို့ရဲ့လုပ်ငန်းတွေ အကောင်တည်ဖော်ရင်တော့ အဆင်ပြေတာပေါ့နော်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,300SubscribersSubscribe
    spot_img

    Latest posts