spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ဈေးကွက်တွင် ငါးခြောက်ဈေးတက်

    မွန်ပြည်နယ်ဈေးကွက်တွင် ငါးခြောက်ဈေးတက်

    -

    မွန်ပြည်နယ်ဈေးကွက်အတွင်း ငါးဝင်ရောက်မှုနည်းသောကြောင့် ငါးခြောက်ဈေး မြင့်တက်လာခဲ့ကြောင်း ငါးခြောက် လက်လီ၊ လက္ကားရောင်းဝယ်နေသူတို့ထံမှ သိရသည်။

    ပင်လယ်ပြင်တွင် ငါးဖမ်းရရှိမှု သိသိသာသာ လျော့ကျလာသောကြောင့် ဈေးကွက်အတွင်း ငါးဝင်ရောက်မှု နည်းလာကြောင်း မော်လမြိုင်အောက်‌ဈေးမှ ငါးခြောက်လက်လီလက္ကားရောင်းဝယ်နေသူတစ်ဦးက ပြောသည်။

    “စက်လှေတွေမှာ ငါးရတာတွေနည်းတော့ ဈေးကွက်ထဲမှာ ငါးခြောက်တွေ ဝင်တာ နည်းလာတယ်။ ပစ္စည်းကနည်းတယ်။ ဝယ်လက်ကများတော့ ဈေးတက်တယ်” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် စျေးကွက်အတွင်း၌ ငါးနှပ်ခြောက် (အကြီး) တစ်ပိဿာ ၄၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် (အလတ်) ၃၂,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် (အသေး) ၂၃,၀၀၀ ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ၄၅,၀၀၀ ကျပ်နှင့် ငါးစာပြတ် တစ်ပိဿာ ၃၀,၀၀၀ ကျပ် ပေါက်‌ဈေးရှိနေကြောင်း စျေးကွက်အတွင်းမှ သိရသည်။

    ပြီးခဲ့သည့်နှစ်က ကာလတူမှာတော့ ငါးနှပ်ခြောက် (အကြီး) တစ်ပိဿာ ၃၂,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် (အလတ်) ၂၇,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် (အသေး) ၁၅,၀၀၀ကျပ်၊ ငါးကွမ်းရှပ် တစ်ပိဿာ ၃၇,၀၀၀ ကျပ်နှင့် ငါးစာပြတ် တစ်ပိဿာ ၂၁,၀၀၀ ကျပ် ဈေးရှိခဲ့ကြောင်း သိရသည်။

    မော်လမြိုင်မှ ငါးခြောက်အရောင်းဒိုင်တစ်ဦးက “ငါးအရနည်းတော့ ငါးခြောက်တွေတင်မကဘူး။ ငါးပိတွေလည်း ဈေးတက်လာတယ်။ ငါးအဝယ်မရတာ ဈေးကြီးပေးဝယ်ရတာတွေ ဖြစ်လာတယ်” ဟု ပြောသည်။

    ငါးဖမ်းစက်လှေများ ‌ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းရပ်နားမှုရှိလာခြင်းကလည်း ငါးဖမ်းရရှိမှုနည်းလာသည့်အကြောင်းအရင်းတချက်ဖြစ်သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်း ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်းမှ နှစ်စဉ် ငါးတန်ချိန် သိန်းနှင့်ချီ ထွက်ရှိနေသော်လည်း လုပ်ကိုင်သူ လျော့နည်းလာသောကြောင့် ငါးရရှိမှု တစ်သိန်းကျော်သာ ဝင်ရောက်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks