Homeသတင်းမွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်သူ ၄၂ ဦးရှိ

မွန်အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်သူ ၄၂ ဦးရှိ

-

မွန်ပြည်သစ်ပါတီ မွန်အမျိုးသားပညာရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်းအောင်သူ ၄၂ ဦးရှိသည်ဟု မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉၄ ဦးရှိသည့်အနက် ၄၂ ဦး အောင်မြင်ကာ ရာခိုင်နှုန်းအားဖြင့် ၄၅ ရာခိုင်နှုန်းအောင်မြင်သည်ဟု မွန်အမျိုးသားပညာရေးကော်မတီက ထုတ်ပြန်ထားသည်။

မွန်အမျိုးသားပညာရေးဌာနအောက်တွင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသရှိ ညီစားအထက်တန်းကျောင်း၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကပါကျောင်း၊ ရေးမြို့နယ် အံဒင်းကျေးရွာ အထက်တန်းကျောင်းများဆိုပြီး အထက်တန်းကျောင်း သုံးကျောင်းရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ညီစားအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၄၂ ဦး ဝင်ရောက်ဖြေဆိုပြီး ၁၇ ဦး အောင်ကာ အောင်ချက် ၄၀ ဒသမ ၄၇ ရာခိုင်နှုန်း၊ ဝင်္ကပါအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၇ ဦး ဝင်ရောက်ဖြေဆိုပြီး ၁၂ ဦးအောင်ကာ အောင်ချက် ၄၄ ဒသမ ၄၄ ရာခိုင်နှုန်း၊ အံဒင်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူ ၂၅ ဦး ဝင်ရောက်ဖြေဆိုပြီး ၁၃ ဦး အောင်မြင်ကာ အောင်ချက် ၅၂ ရာခိုင်နှုန်းရရှိသည်။

ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာတော့ မွန်အမျိုးသားပညာရေးဌာနမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ ၁၈၈ ဦးရှိခဲ့ပြီး ၆၈ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။ 

မွန်အမျိုးသားကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသူ ကျောင်းသား နည်းခဲ့သော်လည်း  ၂၀၂၁-၂၀၂၂ ပညာသစ်နှစ်မှစပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသူ ကျောင်းသား တိုးလာကြောင်း မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်အမျိုးသားပညာရေးဌာနမှ ကျောင်းသူ ကျောင်းသားများသည် အစိုးရတက္ကသိုလ်ဝင်စာမေးပွဲကို မွန်ပြည်သစ်ပါတီ အပစ်ခတ်ရပ်စဲခဲ့သည့်နောက်ပိုင်း ၁၉၉၆ ခုနှစ်မှစကာ စတင်ဝင်ရောက်ဖြေဆိုခွင့်ရရှိလာခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts