spot_img
Tuesday, July 15, 2025
More
    spot_img
    Homeသတင်းမော်လမြိုင် မုပွန်အိုးလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာ

    မော်လမြိုင် မုပွန်အိုးလုပ်ငန်း လုပ်ကိုင်သူနည်းပါးလာ

    -

    မွန်ပြည်နယ်၊ မော်လမြိုၚ်မြို့ မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်း လုပ်ကိုင်သူ နည်းပါးလာကြောင်း  အိုးလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။

    မုပွန်အိုးလုပ်ငန်းသည် ကိုဗစ်ကာလစပြီး နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုနှင့် အလုပ်သမားရှားပါးလာမှု၊ ကုန်ကြမ်းဝယ်ရခက်ခဲလာမှုကြောင့် လက်ရှိတွင် အိုးလုပ်ငန်း လုပ်ကိုင်သူ တစ်ယောက်စနှစ်ယောက်စသာကျန်ရှိတော့သည်ဟု အိုးလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    “အရၚ်ကလို အိုးရုံမှာ လုပ်ကိုၚ်သူတွေကအများကြီးမရှိတော့ဘူး။ ရပ်နားလိုက်ကြပြီး။ အိုးလုပ်ငန်းက သိပ်အဆၚ်မပြေဘူးဆိုတော့ လူကြီးပိုၚ်းတွေလောက်ပဲ ဆက်လက်လုပ်ကိုၚ်နေကြတယ်” ဟု အိုးလုပ်ငန်းရှၚ်တစ်ဦးက ပြောသည်။

    မုပွန်ရပ်ကွက်ရှိ အိုးလုပ်ငန်းနေရာသည် မွန်ပြည်နယ်အတွင်း အကြီးဆုံး အိုးထုတ်လုပ်သည့်နေရာတစ်ခုဖြစ်ပြီး စဥ့်အိုး၊ ငပိအိုး၊ ငရုပ်ဆုံ၊ ပန်းအိုး၊ ဆီမီးခွက်၊ ဆွမ်းအိုး စသဖြင့် အိုးအမျိုးအမျိုးတို့ကို ထုတ်လုပ် ရောင်းချနေသည့်နေရာဖြစ်သည်

    “အရောၚ်းအဝယ်ကတော့ ရောၚ်းအား သိပ်မကောၚ်းတော့ဘူး။ အမတို့ ဖောက်သည်တွေ လာယူကြတာရှိတယ်။ တစ်ချို့ဖောက်သည်တွေက သိပ်မရောၚ်းရတော့လို့ ရပ်နားလိုက်တာရှိတယ်” ဟု အခြားအိုးလုပ်ငန်းရှၚ်တစ်ဦး ပြောသည်။

    လက်ရှိတွင် ဒေသတွင်း အရောင်းအဝယ်အနည်းငယ်ရှိနေသည့် ငရုပ်ဆုံ၊ ငပိအိုး၊ ပန်းအိုးနှင့် ရာသီအလိုက် ပွဲတော်ကာလတွင် အသုံးပြုသည့် ဆီးမီးခွက်၊ ဆွမ်းအိုး၊ အတာအိုးတို့ကိုသာ ထုတ်လုပ်နေပြီး တချို့အိုးဆိုလျှင် မလုပ်ပဲ ရပ်နားထားသည်ဟုလည်း အိုးလုပ်ငန်းရှင်တို့က ပြောသည်။

    လက်ရှိ လုပ်ကိုင်နေသူများသည်လည်း ဘိုးဘွားစဥ်ဆက်လုပ်ကိုင်လာခဲ့သည့် လုပ်ငန်းဖြစ်သည့်အတွက်  ထိန်းသိမ်းသည့်အနေဖြင့် ဆက်လက်လုပ်ကိုၚ်နေကြသည်ဟုလည်း ဆိုသည်။

    မော်လမြိုင်မြို့ မုပွန်ရပ်ကွက်မှ ထွက်သည့်အိုးများသည် မွန်ပြည်နယ်အနှံ့ ဖြန့်ဖြူးရောင်းချနေသည့်အပြင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီသို့လည်း ဖြန့်ဖြူရောင်းချနေသည်ဟု အိုးလုပ်ငန်းရှင်တို့က ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,800SubscribersSubscribe
    spot_img

    Latest posts