Homeသတင်းမွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၉၁ ခုရှိ 

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်း ၉၁ ခုရှိ 

-

မွန်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု လာရောက်လုပ်ကိုင်နေသည့် လုပ်ငန်း‌ ၉၁ ခု ရှိကြောင်း ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတို့ထံမှ သိရသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၁ ခုတွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၄ ခုနှင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၃၇ ခုရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြောသည်။

“မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်မှုတွေက ပိုများတယ်ပေါ့။ ရင်းနှီးမြှုပ်လုပ်ငန်းတွေ ထပ်ပြီး ခွင့်ပြုပေးဖို့လည်း ရှိပါတယ်” ဟု ဦးအောင်ကြည်သိန်းက ပြောသည်။

ပြည်နယ်တွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဝင်ရောက်မှုများလာပါက ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်းလည်း ဆိုသည်။

မွန်ပြည်နယ်အတွင်း နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်းပြီးဆုံးပါက ရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း မော်လမြိုင်မြို့မှ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“ပြည်နယ်အတွင်းမှာ နိုင်ငံတကာ လေဆိပ်နဲ့ ဆိပ်ကမ်း ပြီးရင်တော့ ရင်နှီးမြှုပ်နှံမှုတွေက သိသိသာသာကို များလာမယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက မွန်ပြည်နယ် မုဒုံမြို့နယ်၊ ကော့ပရံနှင့် ဘလောက်ညောင်ဝိုင်းကျေးရွာအနီးက မြေဧရိယာ ၄၆၀၀ ဧကကျော်ပေါ်တွင် နိုင်ငံတကာအဆင့်မီလေဆိပ်နှင့် ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်လျက်ရှိသည်။

မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၁ ခုအနက် ရော်ဘာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပိုများကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts