Homeသတင်းမွန်အမျိုးသားကျောင်းအများစု စဖွင့်၊ နယ်မြေမတည်ငြိမ်သည့်ဒေသက ကျောင်းအချို့ မဖွင့်လှစ်နိုင်သေး

မွန်အမျိုးသားကျောင်းအများစု စဖွင့်၊ နယ်မြေမတည်ငြိမ်သည့်ဒေသက ကျောင်းအချို့ မဖွင့်လှစ်နိုင်သေး

-

မွန်ပြည်သစ်ပါတီလက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနက မွန်အမျိုးသားကျောင်း အများစု စတင်ဖွင့်လှစ်နေသော်လည်း နယ်မြေတည်ငြိမ်မှုမရှိသေးသည့် ဒေသက ကျောင်းအချို့ ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘူးလို့ မွန်အမျိုးသားပညာရေးကော်မတီတာဝန်ရှိသူတို့ထံမှ သိရသည်။

မွန်အမျိုးသားပညာရေးဌာနရှိ မွန်အမျိုးသားကျောင်းများသည် ဇွန်လ ၁ ရက်မှစကာ စတင်ဖွင့်လှစ်နေပြီးဖြစ်ကြောင်း မွန်အမျိုးသားပညာရေးကော်မတီထံမှ သိရသည်။

“နေရာတော်တော်များများမှာရှိတဲ့ မွန်အမျိုးသားကျောင်းတွေကိုတော့ ဖွင့်လှစ်လိုက်ပါပြီး။ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်းမှာရှိတဲ့ ကျောင်းတွေကိုတော့ နယ်မြေတည်ငြိမ်မှုမရှိသေးတော့ မဖွင့်နိုင်သေးပါဘူး။ မဖွင့်နိုင်သေးတဲ့ကျောင်းက လေးငါးခြောက်ကျောင်းလောက်ပဲရှိမှာပါ။ ကျန်တဲ့ ကျောင်းတွေအားလုံးကတော့ (ဇွန် ၁ ရက်နေ့) မှာ စတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေပြီး မေလ ၃၁ ရက်နေ့ကလည်း ရေဖြူမြို့နယ်၊ အလယ်စခန်းရွာနှင့် လော့သိုင်းရွာ အရှေ့ဘက်ခြမ်းရှိ မွန်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

မွန်အမျိုးသားကျောင်းများကို မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မွန်တိုင်းရင်းသားများနေထိုင်သည့် ဒေသများတွင်လည်း ဖွင့်လှစ်ထားသည်။

လတ်တလောတွင် ကျောင်းအပ်လက်ခံနေဆဲကာလဖြစ်သည့်အတွက် ကျောက်တက်မည့် ကျောင်းသား ကျောင်းသူများစာရင်းများ ပြုစုနေဆဲဖြစ်ကြောင်း ဆရာမင်းအောင်ဇေက ဆိုသည်။ 

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်းများတွင် ဖွင့်လှစ်ထားသည့် မူလတန်းမှ Grade – 11 အထိကို ကျောင်းသား ကျောင်းသူပေါင်း ၁၂၆၈၂ ဦးရှိပြီး ဆရာ ဆရာမ ၇၆၆  ဦးရှိကြောင်း မွန်အမျိုးသားပညာရေးဌာနထံမှ သိရသည်။

မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မွန်အမျိုးသားပညာရေးဌာနတွင် မွန်အမျိုးသားကျောင်းပေါင်း ၁၃၄ ကျောင်းရှိသည်ဟု မွန်အမျိုးသားပညာရေးဌာနမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts