Saturday, April 11, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ  ၆ ဦး ထိခိုက်ဒဏ်ရာရ

    ကျိုက်ထိုတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးအပါ  ၆ ဦး ထိခိုက်ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လှည်းလမ်းကူးကျေးရွာတွင် နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး ကလေးအပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မေလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်က လှည်းလမ်းကူးကျေးရွာနေ ဦးထွန်းအေးနေအိမ်ပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

    နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၀ နှစ်အရွယ်  ဦးစောထွန်း၊ အသက် ၁၃ နှစ်အရွယ် မြင့်မြတ်လင်း၊  အသက် ၃၀ နှစ်အရွယ် ဒေါ်ဝင်းစန္ဒာမြင့်တို့ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် အသက် ၃၇ နှစ်အရွယ် ထွန်းထွန်းလင်း၊ အသက် ၆ နှစ်အရွယ် ယွန်းရတီထွန်း၊ အသက် ၁၅ နှစ်အရွယ် မောင်သိမ်းပိုက်စိုးစံတို့ အသီးသီး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး ကျိုက်ထိုပြည်သူဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    “လက်နက်ကြီးက ဘယ်ကနေ ပစ်လာတာလဲတော့ မသိဘူး။ အိမ်ပေါ်မှာ တစ်လုံးကျကွဲသွားတော့ အဲအိမ်မှာရှိနေတဲ့ ကလေးတွေရော လူကြီးတွေရော အကုန် ထိသွားတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    အဆိုပါ နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်စဥ်နှင့် ပတ်သက်ပြီး  စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်ဘက်က KNLA နှင့် PDF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်ဖြစ်ကြောင်း ရေးသားထားပြီး KNLA နှင့် PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ စစ်ကောင်စီတပ် ပစ်ခတ်ကြောင်း နှစ်ဖက်အပြန်အလှန် စွပ်စွဲနေကြသည်။

    ပြီးခဲ့သည့် မေလ ၃ ရက်နေ့ညနေကလည်း ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks