Homeသတင်းပေါင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ပေါင်တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ် နတ်မှော်ကျေးရွာနေ အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ကျည်ရှပ်ထိမှန်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

မေလ ၃၀ ရက်နေ့ ည ၈ နာရီအချိန်ခန့်က နတ်မှော်ကျေးရွာနေ ဦးသန်းဌေးဆိုသူသည် နေအိမ်တွင် တည်ရှိနေစဥ် သေနတ်သမား ၂ ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးသန်းဌေးသည် ဝဲဘက်လက်ဖျံ ကျည်ရှပ်မှန်ဒဏ်ရာရရှိခဲ့ပြီး မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။ 

“သေနတ်သံ ၆ ချက်လောက်ကြားလိုက်ရတယ်။ နောက်တော့ ဆိုင်ကယ်ကိုအရှိန်နဲ့ မောင်းသွားတဲ့အသံကြားလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးသန်းဌေးသည် ယခင်က နတ်မှော်ကျေးရွာ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဌာနပြည်သူ့စစ်အဖွဲ့မှ နှုတ်ထွက်ထားသည်ဟု ၎င်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ ညပိုင်းကလည်း အင်းပြောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိကို သေနတ်သမားတစ်စုတို့က သေနတ်ဖြင့် ပစ်သတ်ခဲ့သေးသည်။

မေလ ၂၁ ရက်နေ့ ညပိုင်းကလည်း ဇင်းကျိုက်မြို့၊ ဖလပ်ဝတ်ကြီးကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် လင်မယားနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts