Thursday, March 19, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

    စစ်ကောင်စီတပ် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေး ၁ ဦးသေ၊ ၁ ဦးဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့တွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၁၃ နှစ်အရွယ် ကလေး ၁ ဦး သေဆုံးပြီး၊ အသက် ၈ နှစ်အရွယ် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ကျိုက်ဒုံအခြေစိုက် စကခ ၁၃ တပ်ဖွဲ့မှ မေလ ၂၅ ရက်နေ့ ညနေ ၂ နာရီခွဲအချိန်ခန့်က ၆၀ မမ လက်နက်ကြီးများဖြင့် လူနေကျေးရွာဘက် ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်သည် ကျိုက်ဒုံမြို့ တံတားထိပ်လမ်းခွတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ကျိုက်ဒုံမြို့ အမှတ် (၁) ရပ်ကွက်နေ အသက် ၁၃ နှစ်အရွယ် မောင်သန်းနိုင်ဦး နောက်ကျောမှ ရှေ့လည်မျို ကျည်စဖောက်ထွက်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ပြီး အသက် ၈ နှစ်အရွယ် မောင်သန်းဦးတွင် ဦးခေါင်းနှင့် လက်ဖမိုး ကျည်စရှပ်ထိ ဒဏ်ရာဖြင့် ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေရသည်ဟု ဆိုသည်။

    ယင်းနေ့ညနေကလည်း စစ်ကောင်စီတပ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းကျေးရွာခံ ၂ ဦးလည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

    ကော့ကရိတ်မြို့အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ခမရ ၉၇ တပ်ရင်း၊ စကခ ၁၂ လက်အောက်ခံ ခမရ ၂၃၁ တပ်ရင်းတို့မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာများဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟုလည်း ကေအဲန်ယူ ဗဟိုက ထုတ်ပြန်ထားသည်။

    “လက်နက်ကြီးသံတွေကတော့ နေ့တိုင်းကြားနေရတယ်။ ကျုံဒိုးဘက်မှာလည်း ပစ်တယ်။ လူထိ၊ နေအိမ်ထိတာတွေလည်း ရှိတယ်” ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

    မေလ ၂၇ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်တို့မှ ၈၁ မမနှင့် ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နယ် ကြာအင်းကုန်းကျေးရွာတွင် နေအိမ်တစ်လုံးနှင့် ကားတစ်စီး၊ သလွဲထော်ကျးရွာတွင် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးကြောင်း သိရသည်။

    ကော့ကရိတ်မြို့အဝင်လမ်းများဖြစ်သည့် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးမြို့နယ်ဆက်လမ်း၊ ကျိုက်ဒုံလမ်း၊ ကမိုင်ကုန်းလမ်း အစရှိသည့်လမ်းများကို မေလ ၁၃ ရက်နေ့မှစပြီး စစ်ကောင်စီတပ်တို့မှ လိုက်လံဖျက်ဆီးခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks