spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျေးရွာအတွင်း KNU တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားနေလို့ တိုက်ပွဲဖြစ်ပွားမည်ကို မွန်ဒေသခံများ စိုးရိမ်

    ကျေးရွာအတွင်း KNU တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားနေလို့ တိုက်ပွဲဖြစ်ပွားမည်ကို မွန်ဒေသခံများ စိုးရိမ်

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ မွန်ကျေးရွာအချို့တို့တွင် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ တပ်ဖွဲ့ဝင်များ ဝင်ရောက်လှုပ်ရှားလာသည့်အတွက် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။

    မေလ ၂၆ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က အင်အား ၃၀ ကျော်ခန့်ရှိသည့် KNU လက်အောက်ခံ တပ်မဟာ ၆ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ဝေသာလီအနောက်ရွာထဲ ဝင်လာကာ ကျေးရွာအတွင်းတပ်စွဲထားပြီး မေလ ၂၈ ရက်နေ့ နေ့လည်ခန့်မှသာ ပြန်လည်ထွက်ခွာသွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

    မေလ ၂၈ ရက်နေ့ကလည်း KNU လက်အောက်ခံတပ်ဖွဲ့ဝင်များ ဘိုကတော်ကျေးရွာထဲဝင်လာခဲ့ပြီး ယနေ့အထိ ကျေးရွာအတွင်း တပ်စွဲထားသည်ဟု ဆိုသည်။

    ၎င်းပြင် ဝယ်ကလွန်ကျေးရွာအစွန် ကတွန်စုကျေးရွာဘက်ထွက်သည့်လမ်းတွင်လည်း KNU တပ်ဖွဲ့ဝင် အင်အား ၃၀ ခန့်တို့က တဲဆောက်ကာ စခန်းချထားသည်ဟု မျက်မြင်တွေ့ရှိသူတို့က ပြောသည်။

    “လောလောဆယ်ကတော့ သွားလာတာ သူတို့ ဘာမှမမေးဘူး။ လူအသွားအလာလည်းရှိနေတယ်။ တချို့ကြောက်လို့ မသွားလာတာလည်း ရှိတယ်။ သူတို့ကတော့ ဘာမှ မမေးဘူး။ တဲဆောက်တာက သူတို့ ဖြတ်သန်းသွားလာတဲ့အခါ နားဖို့လို့တော့ ပြောတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ယခုကဲ့သို့ ကျေးရွာများအတွင်း KNU တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာနေခြင်း၊ ကျေးရွာအတွင်း လာရောက်တပ်စွဲထားခြင်းတို့ကြောင့် ဒေသခံတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို ဒေသခံတို့က စိုးရိမ်ကြောက်ရွံ့နေကြပြီး တချို့ ပြောင်းရွှေ့သွားသည်ရှိသလို ရော်ဘာခြံလည်း မသွားရဲကြဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    ကြာအင်းဆိပ်ကြီးမြို့နယ်သည် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်နှင့် KNU  ဒူးပလာယာခရိုင် ထိန်းချုပ်နယ်မြေအတွင်းတည်ရှိနေသည်။

    ယခု KNU တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာနေသည့် ကျေးရွာများသည် မွန်ပြည်သစ်ထိန်းချုပ်နယ်အတွင်းက ကျေးရွာများဖြစ်ပြီး ယခင်က KNU တပ်ဖွဲ့ဝင်များ ဖြတ်သန်းသွားလျှင် မွန်ပြည်သစ်ပါတီကို အကြောင်းကြားလေ့ရှိသည်ဟု သိရသည်။

    ကျေးရွာများအတွင်း KNU တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားခြင်း၊ တပ်စွဲထားခြင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင် တာဝန်ရှိသူတို့က KNU ဘက်နှင့် တွေ့ဆုံဆွေးနွေးထားကြောင်း အသေးစိတ်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

    KNU တပ်မတော် (၆) မှ တပ်ဖွဲ့ဝင်များ လှုပ်ရှားမှု

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks