spot_img
Tuesday, February 3, 2026
More
    spot_img
    Homeသတင်းသထုံ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားတစ်စီးမိုင်ဆွဲခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

    သထုံ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားတစ်စီးမိုင်ဆွဲခံရပြီး ၁ ဦး သေ၊ ၂ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအုပ်စု၊ ကလိကျွန်းကျေးရွာနှင့် ကရင်လေးဆိပ်ကျေးရွာအကြား ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ၂၂ ဘီးတွဲကားတစ်စီး မိုင်ဆွဲခံရပြီး ၁ ဦးသေဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

    ဘီးလင်းဘက်မှ သထုံဘက်သို့ ယာဥ်မောင်း ဦးသန်းမင်းထိုက်၊ ယာဥ်နောက်လိုက် ကိုဟိန်းဇင်ဝင်းနှင့် မခင်ဇာလှိုင်တို့ စီးနင်းလိုက်ပါလာသည့် ၂၂ ဘီးတွဲကားသည် မေလ ၂၆ ရက်နေ့ ည ၉ နာရီအချိန်ခန့်က မိုင်းဆွဲခံရခြင်းဖြစ်သည်။

    မိုင်းဆွဲခံရမှုကြောင့် ယာဥ်မောင်း ဦးသန်းမင်းထိုက်နှင့် မခင်ဇာလှိုင်တို့ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကိုဟိန်းဇင်ဝင်းဆိုသူက နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

    “မိုင်းဆွဲခံရတဲ့ကားက ၂၂ ဘီးတွဲကားပါ။ တစ်ယောက် သေသွားတယ်။ ယာဥ်မောင်းလည်း ပြင်းထန်ဒဏ်ရာရထားတယ်။ အမျိုးသမီးကတော့ မိုင်းစထိမှန်သွားတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    မိုင်းဆွဲခံရမှုကြောင်း ယာဥ်ရှေ့ လေကာမှန်မှန်နှင့် ကိုယ်ထည်အချို့ ထိခိုက်ပျက်စီးသွားသည်ဟုလည်း ဆိုသည်။

    မေလ ၂၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်ကလည်း ဘားအံမြို့မှ နေပြည်တော်သို့ မောင်းနှင်လာသည့် လမ်းခင်းကျောက်များ တင်ဆောင်ထားသည့် ၂၂ ဘီးတွဲကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရသေးသည်။

    အဆိုပါ ၂၂ ဘီးတွဲကား မိုင်းဆွဲခံရမှုကြောင်း အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    အလားတူ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု ကမာစိုင်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမတွင် မေလ ၂၁ ရက်နေ့ ညက ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ခရီးသည် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမတွင် ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်များနှင့် လူမှုကယ်ဆယ်ရေးယာဥ်များ ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဥ်၊ မိုင်းဆွဲတိုက်ခိုက်ခံရသည့်ဖြစ်စဥ် မကြာခဏဖြစ်လေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks