Homeသတင်းပေါင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

ပေါင်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁ ဦး ပစ်သတ်ခံရ

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ အင်းဗြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး မေလ ၂၆ ရက်နေ့ ညက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အင်း‌ပြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမိ (ခ) ကိုမိဆိုသူသည့် ယမန်နေ့  ည ၈ နာရီဝန်းကျင်အချိန်ခန့်က တံခွန်တိုင်ကျေးရွာရှိ ၎င်း၏နေအိမ်သို့ လက်နက်ကိုင်လူတစ်စုက ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဦးစိုးမိသည် အိမ်ပေါ်မှ ခုန်ချထွက်ပြေးသော်လည်း နေအိမ်အပြင်ဘက် ၁၀ တောင်ခန့်အကွာတွင် ဦးခေါင်းတွင် သေနတ်ဒဏ်ရာ ၂ ချက် ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

“အုပ်ချုပ်ရေးမှူး ဦးစိုးမိက မနေ့ညက ပစ်သတ်ခံရတာဖြစ်တယ်။ သေနတ်သမားတွေက သူ့အိမ်မှာ လာပစ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးစိုးမိ ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များ ရောက်ရှိလာပြီး စစ်ဆေးရှာဖွေမှုများ လုပ်‌ဆောင်ခဲ့သေးကြောင်းလည်း ဆိုသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ ညပိုင်းကလည်း ပေါင်မြို့နယ်၊ ဖလပ်ဝတ်ကြီးကျေးရွာ ရန်ကုန် – မော်လမြိုင်ကားလမ်းတွင် လင်မယား ၂ ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဖြစ်စဥ် ရှိခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပေါင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီဝင်များ ပစ်ခတ်ခံရသည့်ဖြစ်စဥ်များရှိခဲ့ပြီး အသက်သေဆုံးခဲ့ရသူများလည်း ရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts