Homeသတင်းမွန်ပြည်နယ်‌တွင် ကွမ်းရွက်အထွက်နည်းလို့ ဈေးကောင်းရနေ

မွန်ပြည်နယ်‌တွင် ကွမ်းရွက်အထွက်နည်းလို့ ဈေးကောင်းရနေ

-

မွန်ပြည်နယ်တွင် ကွမ်းရွက် အထွက်နည်းသည့်အတွက် စျေးကွက်အတွင်း ကွမ်းရွက် ဈေးကောင်းရနေကြောင်း ကွမ်းရွက်စိုက်ပျိုးသူများထံမှ သိရသည်။

ယခုနှစ်တွင် အယ်နီညို ရာသီဥတုကြောင့် ကွမ်းရွက်များ အနာကျကာ အထွက်နှုန်းလျော့နည်းသွားသည်ဟု ဆိုသည်။

“ဒီနှစ်က ကွမ်းရွက်တွေ အနာကျတာပေါ့ အပူချိန်အရမ်းတက်နေပြီးမှ မိုးက ရွာချတော့လေ။ နာကုန်တာပေါ့” ဟု သထုံမြို့နယ်မှ ကွမ်းစိုက်တောင်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကွမ်းရွက်တစ်ပိဿာ ကျပ်နှစ်သောင်းဝန်းကျင် ဈေးကောင်းရရှိနေကြောင်း ကွမ်းရွက်စိုက်ပျိုးသူတို့ထံမှ သိရသည်။

ကွမ်းရွက်အထွက်နည်းသော်လည်း ကွမ်းရွက်ဈေးကောင်းရနေသည့်အတွက် ကွမ်းရွက်စိုက်ပျိုးသူများ တွက်ချေကိုက်နေသည်ဟုလည်း ဆိုသည်။  

မော်လမြိုင်မှ ကွမ်းရွက်စိုက်ပျိုးရောင်းချသူတစ်ဦးက “နေအရမ်းပူတော့ အရွက်တွေက နာနေပြီ။ မိုးရော လေရော ကြီးလာတော့ ရေတွေဝပ်ပြန် အရွက်တွေကြွေပြန်ပေါ့”ဟု ဆိုသည်။

မွန်ပြည်နယ်တွင် ကွမ်းရွက်ကို ကျိုက်ထို၊ သထုံနှင့် ဘီးလင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts