spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမူးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သောင်းကျော်အထိတိုးလာ

    မူးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသူ နှစ်သောင်းကျော်အထိတိုးလာ

    -

    ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ၊ မူးမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ နှစ်သောင်းကျော်အထိ တိုးလာသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်တို့မှ ကျေးရွာပြည်သူလူထုများကို မီးရှို့သတ်ဖြတ်ခဲ့သည့် မေလ ၁၀ ရက်နေ့မှစ၍ မူးမြို့နယ်အတွင်းရှိ ညောင်ပင်သာ၊ နောင်ချို၊ ဒိုက်ပုံ၊ မီးတိုင်တော၊ အောင်ချမ်းသာ၊ ကျောင်းစု၊ မြောင်းဦး၊ ရေအိုးစည်၊ ကော့ပြင်း၊ ကျောက်ကန်၊ နောင်ကုန်း၊ တောင်စု၊ စဝေ၊ ကျွန်းတော၊ ညောင်ပင်ဆိပ်၊ မြောင်းရိုးကြီး၊ ရွာဟောင်းနှင့် တပ်ကုန်းစသည့် ကျေးရွာပေါင်း ၁၈ ရွာမှ ပြည်သူ ၂၁၈၈၀ ဦး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ထုတ်ပြန်ထားသည်။

    မေလ ၂၁ ရက်နေ့ နေ့လည်ကလည်း စစ်ကောင်စီတပ်မှ မူးမြို့နယ်၊ နောင်ကုန်းကျေးရွာအတွင်းသို့ Drone ဖြင့် နှစ်ကြိမ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    ထိုပစ်ခတ်မှုကြောင့် စောကြည်စိုးနှင့် စောစတူ(ခေါ်)စောကော်လယ်တို့ နေအိမ်၊ ထင်းတဲနှင့် စာသင်ကျောင်း ပျက်စီးခဲ့ရသည်ဟု ဖော်ပြထားသည်။

    နောင်ကုန်းကျေးရွာတွင် အိမ်ခြေစုစုပေါင်း ၁၁၇ လုံးရှိပြီး လူဦးရေ ၇၈၂ ဦးရှိကာ ယခုအချိန်ထိ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။ 

    စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တို့ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ Drone ဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ လူထုများကို ဖမ်းဆီးသတ်များခြင်းများ ပြုလုပ်သောကြောင့် မူးမြို့နယ်အတွင်းက ဒေသခံပြည်သူများ နေရပ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    စစ်ကောင်စီတပ် မီးရှို့ခြင်းနှင့် တောမီးလောင်ခြင်းကြောင့် ရွာလုံးကျွတ် မီးလောင်ပြာကျသွားသည့် ကျေးရွာများ ရှိသည့်အပြင် အပြီးအပိုင်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားကြသည့် ကျေးရွာများလည်း အမြှောက်အများရှိသည်ဟု ကေအဲန်ယူဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks