Homeသတင်းKNU တပ်မဟာ ၆ နယ်မြေတွင် ဧပြီတစ်လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့

KNU တပ်မဟာ ၆ နယ်မြေတွင် ဧပြီတစ်လအတွင်း တိုက်ပွဲ ၂၉ ကြိမ်ဖြစ်ပွားခဲ့

-

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင်တွင် ဧပြီလတလအတွင်း KNLA၊  KNDO, ပူးပေါင်း စစ်ကြောင်းများနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲပေါင်း ၂၉ ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၀၇ ဦး ကျဆုံးကာ ဗိုလ်မှူးအဆင့်၊ ဗိုလ်ကြီးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၅ ဦး ဒဏ်ရာရခဲ့ပြီး ၃ ဦး ဖမ်းဆီးရမိခဲ့ပါသည်ဟု ဆိုထားသည်။ 

KNLA, KNDO ပူးပေါင်းစစ်ကြောင်းဘက်မှလည်း ၁၀ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရကာ တိုက်ခိုက်ရေး ဒရုန်တစ်စင်း ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ပါရှိသည်။

စစ်ကောင်စီတပ်ဘက်မှ လူနေကျေးရွာထဲ လေကြောင်းဖြင့် ၃၁ ကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး လက်နက်ကြီးများဖြင့် ၁၈၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း ထိုပစ်ခတ်မှုကြောင့် စာသင်ကျောင်း ၃ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံးနှင့် နေအိမ် ၃၈၇ လုံး ပျက်ဆီးပြီး ၁၂ လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု ပါရှိသည်။

စစ်ကောင်စီတပ်မှ လေကြောင်းနှင့် မြေပြင် ပစ်ခတ်မှုများကြောင့် ကိုယ်ဝန်ဆောင်၊ မီးနေသည်၊ မသန်စွမ်း၊ သက်ကြီးရွယ်အို၊ ကလေးငယ်များနှင့် ဘုန်းတော်ကြီးများအပါအဝင် အရပ်သားပြည်သူ ၂၃၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ယနေ့အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့လည်း ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများ နေရာထိုင်ခင်းအတွက် မိုးလုံ၊ တာလပတ်၊ စောင်၊ ခြင်ထောင် စသည်များ လိုအပ်ပြီး စားနပ်ရိက္ခာနှင့် ကျန်းမာရေးအတွက် ဆေးဝါးများ လိုအပ်လျက်ရှိနေသည်။

အပြစ်မဲ့ပြည်သူ ၁ ဦးကို လူမဆန်စွာ ဖမ်းဆီးညှင်းပန်းနှိပ်စက်ခဲ့ပြီး ၂ ဦးကို စစ်ကောင်တပ်တို့မှ ရက်စက်စွာ သတ်ဖြတ်ခဲ့သည်ဟု KNU တပ်မဟာ ၆ က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်မှ ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဥ်နှင့်အမျှ ကျူးလွန်နေကြောင်းလည်း ထုတ်ပြန်ထားသည်။ 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts