spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

    ကျိုက်ထိုတွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါးဒတ်ကွင်းကျေးရွာတွင် စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

    သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်းမှ မေ ၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ဝါးဒတ်ကွင်းကျေးရွာရှိ ဦးရာဇထွန်းဆိုသူ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။

    နေအိမ်ပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၃၂ နှစ်အရွယ် ဦးရာဇထွန်း၊ အသက် ၃၁ နှစ်အရွယ် ဒေါ်အိ၊ အသက် ၃ နှစ်အရွယ် မောင်ရှိုင်းလင်းသူနှင့် အသက် ၁၁ နှစ်အရွယ် မဇင်မင်းသူတို့ မိသားစုဝင် ၄ ဦး ထိမှန်ဒဏ်ရာရခဲ့သည်။

    “အိမ်ပေါ်မှာ လက်နက်ကျည်ကျလို့ ကလေး ၂ ဦးနဲ့ လင်မယား ၂ ဦး မိသားစုဝင် ၄ ဦး ထိသွားတယ်။  ဒဏ်ရာရသူတွေကို အခု မော်လမြိုင်ဆေးရုံကြီးမှာ ပို့ဆောင်ထားတယ်လို့ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို သိမ်ဇရပ်ဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေရကြောင်း၊ ၄ ဦးအနက် ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သိမ်ဇရပ် ကျောက်ပုံကြီးကွင်းအနီးတွင် ဘုန်းကြီးတစ်ပါး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သေးသည်။

    သထုံခရိုင် ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေပြီး အရပ်သား ထိခိုက်မှု သေဆုံးမှုလည်း ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks