Friday, March 13, 2026
More
    spot_img
    Homeသတင်းရွှေတစ်ကျပ်သား သိန်း ၃၀ နီးပါးဖြစ်ပြီးနောက် ရွှေအရောင်းအဝယ်အေး

    ရွှေတစ်ကျပ်သား သိန်း ၃၀ နီးပါးဖြစ်ပြီးနောက် ရွှေအရောင်းအဝယ်အေး

    -

    မီးလင်းအခေါက်ရွှေစျေး တစ်ကျပ်သား သိန်း ၃၀ နီးပါး စျေးတက်လာပြီးနောက် မွန်ပြည်နယ်အတွင်း ရွှေအရောင်းအဝယ်အေးနေကြောင်း ပြည်နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    ကမ္ဘာ့ရွှေဈေး မြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးနှုန်းလည်း ယခုရက်ပိုင်းအတွင်း တစ်ကျပ်သားကို ကျပ်သိန်း ၃၀ နီးပါး ထပ်မံမြင့်တက်လာခြင်းဖြစ်သည်။

    မီးလင်းခေါက်ရွှေစျေးသည် တစ်ကျပ်သား ကျပ် ၂၉ သိန်းနီးပါးဖြင့် စျေးငြိမ်းနေခဲ့ရာမှ မေလ ပထမအပတ်ထဲတွင် တစ်ကျပ်သား ကျပ်သိန်း ၃၀ နီးပါး စျေးတက်သွားသည်ဟု ရွှေလုပ်ငန်းရှင်တို့က ပြောသည်။

    “ရေးမှာတော့ သိန်း ၃ဝ ပြည့်ဖို့ ၃၀၀၀ ပဲလျော့တယ်။ ရန်ကုန်မှာ တော့ သိန်း ၃ဝ ကျော်သွားပြီ” ဟု မွန်ပြည်နယ် ရွှေကုန်သည်များအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    အခေါက်ရွှေးစျေး တစ်ကျပ်သား သိန်း ၃၀ နီးပါး တက်လာပြီးနောက်တွင် ရွှေဝယ်သူမရှိသလောက်ဖြစ်သွားသည်ဟု ပြည်နယ်အတွင်းရှိ ရွှေရောင်းဝယ်နေသူတို့ထံမှ သိရသည်။

    “ဘယ်သူမှ မရှိဘူး။ ဆိုင်မှာပဲ အိပ်နေရတယ် အဲလောက်စျေးက ဘယ်သူလာဝယ်နိုင်မှာလဲ” ဟု ရွှေရောင်းဝယ်သူ ဒေါ်ချိုက ပြောသည်။

    မွန်ပြည်နယ် ရွှေစျေးကွက်တွင် ထိုင်းဘတ်ရွှေစျေး တစ်ကျပ်သား ကျပ် ၂၆ သိန်းကျော်ရှိရာမှ လက်ရှိတွင် တစ်ကျပ်သား ၂၈ သိန်း ပေါက်စျေးရှိနေသည်ဟု ရွှေစျေးကွက်အတွင်းမှ သိရသည်။

    ကမ္ဘာ့ရွှေစျေး တစ်အောင်စ ၁၈၇၆ ဒေါ်လာပေါက်စျေးရှိရာမှ လက်ရှိတွင် တစ်အောင်စ ၂၀၄၀ ဒေါ်လာ ပေါက်စျေး ရှိနေသည်ဟု သိရသည်။

    ပြည်တွင်းရွှေစျေးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ စံချိန်တင် မြင့်တတ်ခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks