Homeသတင်းတလနီးပါးအတွင်း အမျိုးသမီး ၅၅ ဦးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟုဆို

တလနီးပါးအတွင်း အမျိုးသမီး ၅၅ ဦးကို စစ်ကောင်စီ သတ်ဖြတ်ခဲ့ဟုဆို

-

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့မှ ၂၈ ရက်နေ့ထိ တလနီးပါးအတွင်း မြန်မာနိုင်ငံတဝှမ်းက အမျိုးသမီး ၅၅ ဦးကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့်အပြင် အမျိုးသမီး ၄၃ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (Burmese Women’s Union) က ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ သတ်ဖြတ်ခဲ့သည့် အမျိုးသမီး ၅၅ ဦးထဲတွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှ ဧပြီ ၁၁ ရက်နေ့က စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး ၄၅ ဦး ပါဝင်သည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူများထဲတွင် ရန်ကုန်တိုင်းက အများဆုံးဖြစ်ပြီး မန္တလေး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်၊ ပဲခူးတိုင်းနှင့် မွန်၊ ကရင်၊ ရှမ်း၊ ကချင်ပြည်နယ်တို့မှလည်း ဖမ်းဆီးခံရသူရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်အာဏာသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဧပြီ ၂၈ ရက်ထိ စစ်ကောင်စီတပ် သတ်ဖြတ်ခဲ့သည့် အမျိုးသမီး ၅၁၃ ဦးပြီး ဖမ်းဆီးထိန်းသိမ်းခံရသည့်အမျိုးသမီးပေါင်း ၃၃၉၀ ဦး၊ ပြစ်ဒဏ်ချမှတ်ခံရသည့်အမျိုးသမီးပေါင်း ၈၁၉ ဦး ရှိသည်ဟုလည် BWU က ထုတ်ပြန်ထားသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များကို အဓိက မှီငြမ်းကိုးကားထားသည့်အပြင် ခိုင်လုံသော သတင်းမီဒီယာများမှ ထုတ်ဖော်ရေးသားသည့် သတင်းအချက်အလက်များအပေါ် အခြေခံ မြန်မာအမျိုးသမီးသမဂ္ဂမှ စုစည်းတင်ပြထားခြင်းဖြစ်သည်။

လက်တွေ့မြေပြင် အခြေအနေတွင် သတင်းအချက်အလက် စီးဆင်းမှုများ၌ စိန်ခေါ်မှုရှိနေသောကြောင့် လက်လှမ်းမီရန် အခက်အခဲများရှိနေသဖြင့် ကိန်းဂဏန်းများသည် ယခုထက် ပိုများနိုင်သည်ဟု BWU က ပြောဆိုထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts