spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမြိတ်၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်သား ၄၈ ဦး ပြန်လည်လွတ်မြောက်

    မြိတ်၊ ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဥ်သား ၄၈ ဦး ပြန်လည်လွတ်မြောက်

    -

    တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ထားဝယ်အကျဉ်းထောင်တို့မှ ရာဇသတ်ကြီးပုဒ်မ – ၅၀၅ (က) ဖြင့်  ပြစ်ဒဏ်ကျခံနေရသည့် အကျဥ်သား ၃၄ ဦး ပြန်လည်လွတ်မြောက်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

    လွတ်မြောက်လာသူများသည် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၂၂ ဦးနှင့် အကျဉ်းသူ ၁၂ ဦး၊ မြိတ်အကျဉ်းထောင်မှ အကျဥ်းသား ၈ ဦး၊ အကျဥ်းသူ ၆ ဦး ပါဝင်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။

    “ထားဝယ်အကျဉ်း‌ထောင်ကနေ အကျဉ်းသား/သူ ၃၆  ဦးလွှတ်မယ်လို့ သိရပေးမယ့် အကျဉ်းသား ၂ ဦးက တခြားပုဒ်မတွေပါတွဲပြီးရှိနေတော့ မလွတ်လာဘူး။ အားလုံး ၃၄ ဦးဘဲ လွတ်လာတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ၎င်းပြင် ကော့သောင်းအကျဉ်းထောင်မှလည်း အကျဉ်းသား၊ အကျဉ်းသူတစ်ချို့ လွတ်မြောက်လာသည်ဟုသိရသော်လည်း အရေအတွက် အတိအကျမသိရသေးပေ။

    ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက မေလ ၃ ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

    လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ  ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဥ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks