spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အကျဉ်းထောင်များမှ နိုင်ငံရေးအကျဥ်းသား ၃၀ ဦး လွတ်မြောက်

    မွန်ပြည်နယ်အကျဉ်းထောင်များမှ နိုင်ငံရေးအကျဥ်းသား ၃၀ ဦး လွတ်မြောက်

    -

    မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်များမှ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဥ်းသားများအနက် ၃၀ ဦး လွတ်မြောက်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    လွတ်မြောက်လာသူများသည် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ အကျဥ်းသား ၅ ဦး၊ အကျဉ်းသူ ၂၁ ဦး နှင့် သထုံအကျဉ်းထောင်မှ အကျဉ်းသား ၄ ဦးတို့ ပါဝင်သည်။

    ပြန်လည်လွတ်မြောက်လာသူအများစုသည် ဘားအံအကျဉ်းထောင်မှ ပြောင်းရွှေ့ရောက်ရှိလာသူများဖြစ်ကြောင်း အကျဥ်းသား မိသားစုဝင်အချို့၏ ပြောကြားချက်များအရ သိရသည်။

    “ကျိုက်မရောဗဟိုအကျဉ်းထောင်ကနေ လွတ်မြောက်သူအများစုက ဘားအံထောင်က ပြောင်းရွှေ့လာသူတွေလို့သိရတယ်။ ၅၀၅ နဲ့ မော်လမြိုင်က တစ်ယောက်ပါလာတယ်” ဟု အကျဉ်းကျနေသူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

    ကျိုက်မရောဗဟို အကျဉ်းထောင်မှ ပဲခူးတိုင်း‌ ဒေသကြီးအတွင်းရှိ အကျဉ်းထောင်များသို့ ပြောင်းရွှေကြရသည့် ပုဒ်မ- ၅၀၅ ဖြင့် ပြစ်ဒဏ်ကျခံနေရသူများ၏ အခြေအနေကိုတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက မေလ ၃ ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

    လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဥ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks