Homeသတင်းKNU ဥက္ကဋ္ဌ အဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်တင်မြောက်ခံရ

KNU ဥက္ကဋ္ဌ အဖြစ် ပဒိုစောကွယ်ထူးဝင်း ရွေးချယ်တင်မြောက်ခံရ

-

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဥက္ကဋ္ဌသစ်အဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြောက်ခံရသည်ဟု သိရသည်။

ယနေ့ မေလ ၂ ရက်နေ့တွင် ကျင်းပခဲ့သည့် KNU ၏ ၁၇ ကြိမ်မြောက် ကွန်ကရက်မှ ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် KNU ၏ ၁၀ ဦးမြောက် ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။

ပဒိုစောကွယ်ထူးဝင်းသည် ယခင်က KNU ၏ ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ယူထမ်းဆောင်နေသူဖြစ်သည်။

ယခင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌမှာ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဖြစ်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းဖြင့် ငြိမ်းချမ်းရေး လုပ်ဆောင်နေသူဖြစ်သည်။

ပဒိုစောကွယ်ထူးဝင်း KNU ဥက္ကဋ္ဌ ဖြစ်လာခြင်းကို ကြိုဆိုကြောင်းနှင့် နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှုများ ရှိလာမည်ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပြောဆိုသည်။

“ဒီအခင်းအကျင်းတွေက ပိုကောင်းလာစရာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူတူးစေးဖိုးလို NCA ဖက်တွယ်ပြီး‌တော့ စစ်ကောင်စီနဲ့ စေ့စပ်ဆွေးနွေးလမ်းကြောင်းဆိုတာ ဗမာပြည်မှာ မဖြစ်နိုင်‌တော့တာ တော်တော်ကြာသွားပါပြီ။ အခုဆိုရင် နွေဦးတော်လှန်ရေးကလည်း အရှိန်အဟုန်နဲ့ တောက်လောင်နေတာ ၃ နှစ်ရှိပါပြီ။ အဲဒီတော့ ဒီကာလမှာ မူတူးစေးဖို့နဲ့ NCA ဖက်တယ်ထားတဲ့ အယူအဆနဲ့ ခေါင်းဆောင်‌တွေ ဖယ်ရှားလိုက်တာတော့ ကောင်းပါတယ်၊ အဲဒီတော့ ဒီလိုဖြစ်လာတဲ့ အနေအထားဟာ KNU အနေနဲ့ ပြောရလို့ရှိရင် စစ်ကောင်စီကို လက်တွေ့ ထိထိရောက်ရောက်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်း ပိုပြီးတော့ အားကောင်းလာလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်” ဟု ဦးစိုးသန်းနိုင်က ပြောသည်။

KNU ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကွန်ဂရက်ကို လေးနှစ်တစ်ကြိမ် ကျင်းပရမည် ဖြစ်သော်လည်း ကိုဗစ်ကပ် ရောဂါနှင့် မြန်မာ့စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် နိုင်ငံရေး အကျပ်အတည်းများကြောင့် ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ယနေ့ ကျင်းပသော KNU ၏ ကွန်ကရက်မှ ဥက္ကဋ္ဌကို ရွေးချယ်ခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာအစည်းအဝေးများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်ဟုလည်း သိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သ‌ဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကရင်လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts