Homeသတင်းမြိတ်၊ မောတောင်တွင် သားအမိနှစ်ဦး ပစ်သတ်ခံရ

မြိတ်၊ မောတောင်တွင် သားအမိနှစ်ဦး ပစ်သတ်ခံရ

-

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မောတောင်မြို့၊ အမှတ် ၈ ကျေးရွာရှိ ဥယျာဉ်ခြံတစ်ခုအတွင်း သားအမိနှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အသက် ၂၈ နှစ်ရွယ် မဇာခြည်ဦး နှင့် အသက် ၈ နှစ်အရွယ် မောင်လင်းဦးတို့ သားအမိနှစ်ဦးအလောင်းကို ဧပြီလ ၃၀ ရက် နံနက်ပိုင်းက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခင်းဖြစ်တဲ့နေ့က ယောက်ျားဖြစ်သူက တောလိုက်သွားနေတယ်လို့သိရတယ်။ သားအမိနှစ်ယောက်လုံးက ဦးခေါင်းသေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတယ်” ဟု ဒေသခံက ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် သားအမိနှစ်ဦးသည် တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် နေထိုင်သူများဖြစ်ကြပြီး၊ အမှတ် (၈) ကျေးရွာရှိ ဥယျာဉ်ခြံအတွင်း အလုပ်လာရောက် လုပ်ကိုင်နေသူများဖြစ်ကြကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါ သားအမိနှစ်ဦးအား မည်သည့်လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းကြောင့် လာရောက်ပစ်သတ်သွားခဲ့သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တနင်္သာရီတိုင်းဒေသကြီးတွင် စစ်တပ်အာဏာသိမ်းခဲ့သည့် နှစ်နှစ်ကျော်ကာလအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သားပြည်သူ ၅၀၀ ဦးထက်နည်း သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts