Saturday, March 14, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရ

    ရေးမြို့နယ် စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာအနီးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ယနေ့ ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခံရကြောင်း သိရသည်။

    အဆိုပါ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဂိတ်တွင် လုံခြုံရေးဆောင်ရွက်နေသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၁ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    “အဲဒီဂိတ် တိုက်ခိုက်ခံရပြီးတော့ BGF တစ်ဦး သေသွားတယ်။ ၂ ဦး ဒဏ်ရာရတယ်လို့တော့ ကြားတယ်။ အတိအကျတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

    စစ်ကောင်စီထောက်ခံသူတို့ဘက်ကတော့ ရေးမြို့အဝင်ကဂိတ်ကို သင်္ဃန်းဝတ် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့၏ တယ်လီဂရမ်ချာနယ်တို့တွင် ရေးသားထားသည်။

    အဆိုပါ တိုက်ခိုက်သူတို့ထံမှ သင်္ဃန်းနှစ်ထည်၊ m 16 ကျည်ဘောက်အရှည် ၁ ခု၊ ကျည် ၃ တောင့် သိမ်းဆည်းမိရခဲ့သည်ဟုလည်း ရေးသားဖော်ပြထားသည်။

    ပြီးခဲ့သည့် မတ်လအတွင်းကလည်း ရေးမြစ်ကူးတံတားကြီးစစ်ဆေးရေးဂိတ်နှင့် စစ်ကောင်စီတပ်စခန်းတစ်ခုတို့ကို ရေးဘီးလူးအဖွဲ့က တိုက်ခိုက်ခဲ့သေးသည်။

    ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ရင်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ အုပ်ချုပ်ရေးမှူးရုံးများကို မကြာခဏဝင်ရောက်တိုက်ခိုက်လေ့ရှိသည့်အပြင် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကိုလည်း မကြာခန ပစ်ခတ်ရှင်းလင်းလေ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks