spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကျိုက်ထိုဒေသခံ ၇၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ

    စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေမှုကြောင့် ကျိုက်ထိုဒေသခံ ၇၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အခြေစိုက် စစ်ကောင်စီ အမှတ် (၃၁၀) အမြောက်တပ်နှင့် ကင်မွန်းစခန်း ရဲကုန်းဘက်ရှိ စစ်ကောင်စီတပ်တို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူ ၇၀၀၀ ကျော်တို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

    စစ်ကောင်စီတပ်စခန်းတို့မှ မတ်လ ၂၁ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှစပြီး ကျိုက်ထိုမြို့နယ် တကေးချောင်းကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပိတောက်တောကျေးရွာ၊ ချမ်းမြေ့ကျေးရွာနှင့် ကရဝေးဆိပ်ကျေးရွာတို့ဘက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ငှက်ပျောတောရွာ၊ ကရဝေးဆိပ်အထက်စုရွာအတွင်း ကျရောက်ပေါက်ခဲ့ပြီး အနီးနားက ဒေသခံပြည်သူများ ညတွင်းချင်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ထွက်ပြေးတိမ်းရှောင်နေရသူအချို့တို့ထံမှ သိရသည်။

    “ညနေ ၄ နာရီလောက်ကလည်းက လက်နက်ကြီးနဲ့ ပစ်လိုက်နား လိုက်လုပ်နေတာ။ည ၉ နာရီကျော်တော့ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ကို ပစ်နေတာ ည ၁၂ နာရီ ထိုးတဲ့အချိန်အထိပဲ” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ယာယီနေထိုင်ရန်အတွက် အခင်းအကာများ အရေးပေါ်လိုအပ်နေကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ခန့်ကလည်း ကင်မွန်းစခန်းအရှေ့ဘက်ဒေသသို့ စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်းလည်း သိရသည်။

    မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် တော်လှန်ရေးအင်အားစု (TPDF) နှင့် ကရင်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က  ကျိုက်ထိုအခြေစိုက် စစ်ကောင်စီ တပ်မ (၄၄) ဌာနချုပ်ကို ဒရုန်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ငှက်ပျောတောကျေးရွာဘက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသည်။

    ၎င်းပြင် မတ်လ ၂၀ ရက်နေ့ ညကလည်း စစ်ကောင်စီတပ်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ဘီးလင်းမြို့နယ် ကရဝေးဆိပ်အထက်စုကျေးရွာရှိ လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အမျိုးသား နှစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဥ်လည်း ရှိခဲ့သည်။

    ယခင်က မွန်ပြည်နယ်မြောက်ပိုင်း ကျိုက်ထိုမြို့ နယ်မှ ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများ (Crd: BNI)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks