Homeသတင်းသိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၀၇ နှင့် အမတ ၃၁၀ တိုက်ခိုက်ခံရ

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၀၇ နှင့် အမတ ၃၁၀ တိုက်ခိုက်ခံရ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ ခမရ ၂၀၇ တပ်ရင်းနှင့် အမတ ၃၁၀ တပ်ရင်းတို့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

စစ်ကောင်စီ ခမရ ၂၀၇ တပ်ရင်းနှင့် အမတ ၃၁၀ တပ်ရင်းတို့ကို မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နှင့် ကရင်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ရင်း ခမရ ၂၀၇ နှင့် အမတ ၃၁၀ တို့ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး လက်နက်ကြီးများဖြင့် မိနစ် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကျိုက်ထိုတော်လှန်ရေးအင်အားစုက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဥ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ 

စစ်ကောင်စီဘက် ထိခိုက်မှုအခြေအနေကိုတော့ စုံစမ်းလျက်ရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက ဆိုသည်။

ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနရုံးချုပ်နှင့် တပ်မမှူးနေအိမ်တို့လည်း မတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

၎င်းပြင် မတ်လ ၂၀ ရက်နေ့ကလည်း သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု TPDF နှင့် KNU, PDF ပူးပေါင်းတပ်ဖွဲ့တို့က ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်အကြားရှိ သံတံတားဂိတ်စခန်းကို နှစ်ကြိမ် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်စခန်းများ ပစ်ခတ်တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီတပ်ဘက်လည်း ကျေးရွာတွေဘက်ကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်လာခဲ့သည်။ 

စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ယခုရက်ပိုင်းအတွင်း ထောင်နှင်ချီသည့် ဒေသခံတို့က ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts