Homeသတင်းမွန်ပြည်နယ်တွင် တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၄၀၀၀၀ ခန့်စျေးတက်

မွန်ပြည်နယ်တွင် တစ်ပတ်အတွင်း ရွှေတစ်ကျပ်သား ကျပ် ၄၀၀၀၀ ခန့်စျေးတက်

-

မွန်ပြည်နယ်ရွှေစျေးကွက်တွင် တစ်ပတ်အတွင်း အခေါက်ရွှေစျေး တစ်ကျပ်သား ကျပ် ၄၀၀၀၀ ခန့်အထိ မြင့်တတ်လာကြောင်း စျေးကွက်အတွင်းမှ သိရသည်။

မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈၄၀၀၀၀ ဖြင့် စျေးငြိမ်းနေခဲ့ရာမှ မတ်လ ၁၀ ရက်နေ့မှစပြီး ရွှေစျေးပြန်လည်းမြင့်တတ်လာကာ လက်ရှိတွင် အခေါက်ရွှေစျေး တစ်ကျပ်သားလျှင် ကျပ် ၂၈၈၀၀၀၀ ဝန်းကျင်အထိ ပေါက်စျေးရှိနေသည်။

ကမ္ဘာ့ရွှေစျေး မြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေစျေး မြင့်တတ်လာခဲ့သည်ဟု ရန်ကုန် ရွှေကုန်သည်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

“ရွှေစျေးနူန်းကတော့ ကမ္ဘာ့ရွှေစျေးတတ်လို့ နည်းနည်းတတ်တယ်။ အမေရိကန်ဘဏ်တွေ စီးပွားရေးပျက်လို့ ကမ္ဘာရွှေစျေးတတ်ပြီးတော့ ရွှေစျေးတတ်လာပဲရှိတယ်။ အရောင်းအဝယ်ကတော့ အေးပါတယ်” ဟု ၎င်းက ပြောသည်။

ကမ္ဘ့ာရွှေစျေးသည့် အမေရိကန်ဘဏ်ပြိုလဲမှုမဖြစ်ခင်က ရွှေတစ်အောင်စလျှင် ၁၈၇၆ ဒေါ်လာပေါက်စျေးရှိရာမှ ယခု ရွှေတစ်အောင်စလျှင် ၁၉၁၂ ဒေါ်လာရှိနေသည်။

ရွှေစျေးမြင့်တတ်လာချိန်တွင် ရွှေအရောင်းအဝယ်အေးနေသည်ဟု ရွှေအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။

“အရောင်းအဝယ်ကတော့ တစ်ဝက်လောက်ကို ပြတ်ကျသွားတယ်။ အရောင်းအဝယ်မရှိဘူး။ မရောင်းရတဲ့ရက်လည်း ရှိတယ်။ ဆိုင်တော့ဖွင့်နေတယ်။ ရောင်းရလဲ ရောင်းရ မရောင်းရလဲ မရောင်းရပေါ့။ အရောင်းအဝယ်ကတော့ မရှိဘူး” ဟု ရေးမြို့က ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦး ပြောသည်။

မွန်ပြည်နယ် ရွှေးစျေးကွက်တွင် ထိုင်းဘတ်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၆၆၀၀၀၀ ပေါက်စျေးရှိနေသည်ဟု အထက်ပါ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးက ဆက်ပြောသည်။

ပြည်တွင်းရွှေစျေးသည် စစ်တပ်အာဏာသိမ်းပြီးနောက် ဆက်တိုက်မြင့်တက်လာခဲ့ပြီး ရွှေတစ်ကျပ်သား ကျပ် ၃၅ သိန်းအထိ စံချိန်တင် မြင့်တတ်ခဲ့ဖူးသည်။

ဓာတ်ပုံ – မြန်မာနိုင်ငံရှိ ရွှေဆိုင်တဆိုင်။ (Credit: Myanmar Digital News)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts