Homeသတင်းဘုရားသုံးဆူမြို့အနီးတွင် အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်လု သတ်ဖြတ်ခံရ

ဘုရားသုံးဆူမြို့အနီးတွင် အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်လု သတ်ဖြတ်ခံရ

-

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့အနီးရှိ ကြံတောကျေးရွာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်လုယူခံရပြီး သတ်ဖြတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။  

ဘုရားသုံးဆူမြို့အနီး ကြံတောကျေးရွာနေ အသက် ၁၈ နှစ်အရွယ် ခိုင်သဇင်ထွေး(ခ)မွန်ချမ်းသည် မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက နေအိမ်မှ ဆိုင်ကယ်ဖြင့် ထွက်သွားပြီးနောက် နေအိမ်သို့ ပြန်လည်မရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုနောက် မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ခိုင်သဇင်ထွေး(ခ)မွန်ချမ်း၏ သေဆုံးရုပ်လောင်းကို ကြံတောကျေးရွာ ရော်ဘာခြံတစ်ခုအနီးတွင် တွေ့ရှိ ခဲ့သည်။

ခိုင်သဇင်ထွေး(ခ)မွန်ချမ်းကို ၎င်းနှင့် သိကျွမ်းနေသည့် ဘုရားသုံးဆူမြို့နေ အမျိုးသားတစ်ဦးက သတ်ဖြတ်သွားခဲ့ပြီး ဆိုင်ကယ်ပါ လုယူသွားခဲ့ကြောင်း နီးစပ်သူတို့က ပြောသည်။

အဆိုပါ အမျိုးသမီးငယ်ကို သတ်ဖြတ်သွားသူက လက်ရှိတွင် ကြာအင်ဆိပ်ကြီးမြို့ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်ဟု ဒေသခံတို့က ပြောဆိုပြီး အသေးစိတ်ကိုတော့ စုံစမ်းဆဲဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,700SubscribersSubscribe

Latest posts